ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
- မောတောင်မှာ ဖောက်ထွင်းယူလာတဲ့ပစ္စည်းတွေကို စစ်အာဏာရှင်တပ်က ကားလမ်းပေါ် ချရောင်းနေ
- ၁၃ နှစ်အရွယ် ထားဝယ်သား ထိုင်းဆိုင်ကယ်ပြိုင်ပွဲမှာ ပထမဆုရ
- ထားဝယ်မှာ အခုလပထမပတ်အတွင်း လူငယ်ငါးဦးထက်မနည်း စစ်မှုထမ်းစုဆောင်းခံရ
- တနင်္သာရီ စစ်ရှောင်တွေ ငှက်ဖျားအဖြစ်များလာ
- လောင်းလုံးတောင်ပိုင်းမှာ စစ်အာဏာရှင်တပ် အင်အားတစ်ရာကျော် ထပ်တိုး
- စစ်အစိုးရကို အခွန်မဆောင်လို့ ထားဝယ်မှာ ဖုန်းအပိတ်ခံရတာတွေ ဆက်တိုက်ဖြစ်နေ
- ထားဝယ်မှာ အခုနှစ် ဆားအထွက်နှုန်းကောင်းတဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
- ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် ” စစ်ရေးအကျပ်အတည်းကြားက စစ်အုပ်စုရဲ့ ထားဝယ် SEZ ဟန်ရေးပြကွက်” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






