ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
- ထားဝယ်မြို့ဝင်ဂိတ်တွေမှာ ငွေပေးဖို့မလို စာကပ်ထားပေမယ့် ငွေပေးပြီးသွားလာနေရ
- ကော့သောင်းဒေသခံတွေ ရနောင်းဝင်ထွက်ဖို့ ဘတ်ငါးရာ တစ်နှစ်သွင်းထားရမယ်
- မောတောင်မြို့နဲ့ အနီးဝန်းကျင်ရွာတွေက ကွမ်းသီးတွေကို စစ်အာဏာရှင်တပ်က ကားတွေနဲ့ သယ်ယူ
- တနင်္သာရီကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာနဲ့ နှစ်ရက်ဆက် ဗုံးချ
- ထားဝယ် မောင်မယ်ရှောင်မှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်
- စစ်အာဏာရှင်တပ် လမ်းပိတ်ထားလို့ ရတနာပုံသတ္တုမိုင်းက လုပ်သားတွေ ပြောင်းရွှေ့တဲ့သတင်း အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
- ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “တနင်္သာရီတိုင်းက လူငယ်တွေရဲ့ ပဋိပက္ခကြားက ကမ္ဘာ့ဖလားညများ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






