ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
- တနင်္သာရီတိုင်းက အကျဥ်းထောင်တွေမှာ နိုင်ကျဥ်းခြောက်ဦး သေဆုံး
- ဘုတ်ပြင်း လေညာ-ရတနာပုံလမ်းမှာ လချီကြာ တိုက်ပွဲဖြစ်
- ဘုတ်ပြင်းနဲ့ ထားဝယ်မှာ နှစ်ရက်အတွင်း စစ်အာဏာရှင်တပ်သား ၁၀ ဦးထွက်ပြေး
- ရန်ကုန်-ထားဝယ် လမ်းကြေးအဖြစ် ခရီးသည်တစ်ဦးကို ကျပ်သုံးသောင်း ပေးရ
- ထားဝယ်မှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ကလေး ဆယ်ဂဏန်းရှိလာ
- စစ်ရှောင်နေရတဲ့ ရေဖြူ ကံပေါက်တိုက်နယ်က ဒေသခံတချို့ နေရပ်ပြန်
- တနင်္သာရီ မော်တုန်းရွာကို စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ နှစ်ရက်ဆက်ဗုံးချ
- မြိတ်မှာ စည်ပင်အမှိုက်သိမ်းယာဉ် တစ်လတစ်ကြိမ်ပဲလာလို့ လမ်းဘေးအမှိုက်ပစ်သူများလာတဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် ” စစ်အုပ်စုရဲ့ ရက်တစ်ရာက… ပြည်သူတွေ အသက်လု ပြေးဖို့လား ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






