BREAKING
July 27, 2024
EN MM

အားကစား/ဖျော်ဖြေရေး

ဒေဝကို ကမ္ဘောဒီးယားတွင် လက်ဝှေ့ထိုးခွင့်ပိတ်ကြောင်း ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြောကြား

Dawei Watch

June 12, 2024

နာမည်ကျော် မြန်မာ့လက်ဝှေ့သမား ဒေ့ဗ်လက်ဒပ်(ခ)ဒေဝကို ကမ္ဘောဒီးယားနိုင်ငံ၌ ပြိုင်ပွဲထိုးခွင့် ပေးတော့မည် မဟုတ်ကြောင်း အသစ်ခန့်အပ်လိုက်သည့် ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ကော့ချဟေး က ပြောကြားလိုက်သည်။ ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ကော့ချဟေး က ယခုရာထူးတွင် သူ ရှိနေသည့် ကာလတစ်လျှောက် ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ မှာ ကမ္ဘောဒီးယားနိုင်ငံတွင် ပြိုင်ပွဲထိုးမည့်အခွင့်အရေးကို မရရှိစေရဟုလည်း ထည့်သွင်းအသိပေးသွားခဲ့သေးသည်။ ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ က “ခင်ဗျားတို့ ကျွန်တော်ကို ထပ်ပြီး ထိုးသတ်စေချင်တယ်ဆိုရင် ကျွန်တော် ဒေါ်လာ ၁ သန်း လိုအပ်ပါတယ်။ ကျွန်တော် မွေထိုင်းဖိုက်တာတွေကို အလဲထိုးမှာပါ။ ဘာလို့လဲဆိုတော့ မွေထိုင်းဆိုတာ ခမာသိုင်းပညာရပ်ကို ကော်ပီယူထားတာလို့ ထင်ပါတယ်။ ကျွန်တော်ထပ်ပြီးတော့ မွေထိုင်းဖိုက်တာတွေကို ထိုးသတ်ချင်ပါတယ်” ဟု ရေးသားကာ လူမှုကွန်ရက်စာမျက်နှာထက် တင်လိုက်သည့် […]

ကယန်းတိုင်းရင်းသူ ဗရော်နီကာ အငြင်းပွားဖွယ်ရာ အမှတ်ဆုံးဖြတ်ချက်ဖြင့် အရေးနိမ့်ပြီး ရှုံးပွဲကြုံ

Dawei Watch

February 25, 2024

ကယန်းတိုင်းရင်းသူ မွေထိုင်းလက်ဝှေ့မယ် ဗရော်နီကာ သည် ယနေ့ညတွင် ယှဉ်ပြိင်ခဲ့ရသော Thai Fight : King Of Muay Thai ပြိုင်ပွဲကြီး၌ ပြိုင်ဘက်ဖြစ်သူ ထိုင်းမွေထိုင်းလက်ဝှေ့မယ် ဖတ်ဆိုင်းကို အမှတ်ဖြင့် အရေးနိမ့်ကာ ရှုံးပွဲကြုံလိုက်ရပြီဖြစ်ကြောင်း သိရှိရသည်။ ဗရော်နီကာသည် ပွဲချီ ၃ ချီလုံးကို လက်ရည်အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့သော်လည်း အမှတ်ဖြင့် ဆုံးဖြတ်ချိန်တွင် ရှုံးနိမ့်သွားခဲ့ရသည့်အတွက် ၎င်းကို အားပေးသောပရိသတ်များက မကျေမချမ်း ဖြစ်နေကြသည်။ ဗရော်နီကာနှင့် ဖတ်ဆိုင်းတို့သည် ပွဲချီ ၃ ချီ ပြည့်သည်အထိ တစ်ဦးကိုတစ်ဦး အလဲထိုးနိုင်ခြင်း မရှိခဲ့ကြသည့်အတွက် အမှတ်ပေးဒိုင်လူကြီးများ၏ဆုံးဖြတ်ချက်ကို ခံယူလိုက်ကြရပြီး အမှတ်ပေးစည်းမျဉ်းအရ ဖတ်ဆိုင်းက ဗရော်နီကာကို အနိုင်ရရှိကာ ဗရော်နီကာ၏နိုင်ပွဲဆက်မှုများကို ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။ Thai Fight ပြိုင်ပွဲတွင် ၂ […]

ဒဏ်ရာကြောင့် ဟော့ဂျ်လန်း သုံးပတ်ခန့် နားရနိုင်၊ ယနေ့ညပွဲမှစပြီး မန်ချက်စတာဒါဘီပွဲအထိ လွဲနိုင်ဟုဆို

Dawei Watch

February 24, 2024

မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး ဟော့ဂျ်လန်းသည် ကြွက်သားဒဏ်ရာရရှိထားသည့်အတွက် ယနေ့ညယှဉ်ပြိုင်ရမည့် ဖူလ်ဟမ်နှင့်ပွဲစဉ်မှစတင်ကာ မတ်လ ၃ ရက်နေ့တွင် မန်ချက်စတာဒါဘီပြိုင်ဘက် မန်စီးတီးနှင့်ကစားရမည့် မန်ချက်စတာဒါဘီပွဲစဉ်အထိ လွဲရတော့မည်ဖြစ်ကြောင်း သိရှိရသည်။ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး ဟော့ဂျ်လန်းသည် ကြွက်သားဒဏ်ရာကြောင့် အနည်းဆုံးအဖြစ် သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အထိ နားရနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။ ဟော့ဂျ်လန်းသည် မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် ဂိုးသွင်းပေးထားနိုင်သည့် ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတလျှောက် ပွဲစဉ် ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း စံချိန်ရရှိထားပြီဖြစ်သည်။ အသက် ၂၁ နှစ်အရွယ်ရှိ ဟော့ဂျ်လန်းသည် လေ့ကျင့်ရေးအစီအစဉ်တွင် အသေးစားကြွက်သားဒဏ်ရာကို ရရှိသွားခြင်းဖြစ်သည်ဟု နည်းပြ အီရစ်ခ်တန်းဟတ်ဂ်က အတည်ပြုချက်ပေးအပ်လိုက်ပြီး အနည်းဆုံးအဖြစ် မန်ယူ၏ရှေ့လာမည့်ပွဲစဉ် ၃ ပွဲခန့်ကို ဟော့ဂျ်လန်း လွဲချော်နိုင်သည်ဟု နည်းပြ အီရစ်ခ်တန်းဟတ်ဂ်က […]

နွမ်ဗျူးကို ပထမပွဲချီမှာတင် ဗရော်နီကာ အနိုင်ယူပြီး ၁၇ ပွဲဆက်အနိုင်ဖြင့် စံချိန်တင်

Dawei Watch

February 4, 2024

၂၀၂၄ ခုနှစ်အတွက် ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့်ပွဲစဉ်တွင် ကယန်းလက်ဝှေ့မယ် ဗရော်နီကာက ထိုင်းမွေထိုင်းလက်ဝှေ့မယ် နွမ်ဗျူးကို ပထမပွဲချီ၌ပင် အနိုင်ယူကာ ၁၇ ပွဲဆက်တိုက် အနိုင်ရရှိသည့်စံချိန်ကို တင်ရှိသွားနိုင်ခဲ့သည်။ ပြိုင်ပွဲ ၂ ခုတွင် ချန်ပီယံရွှေခါးပတ်ရရှိထားသော နွမ်ဗျူးသည် ဗရော်နီကာကို မည်သို့မျှယှဉ်နိုင်စွမ်း မရှိခဲ့ဘဲ ပထမပွဲချီ စတင်ပြီးနောက် စက္ကန့်အနည်းမျှသာ သူတင်ကိုယ်တင် ယှဉ်နိုင်ခဲ့ကာ ယင်းနောက်တွင်မူ အောက်စည်းသက်သက်ဖြင့်သာ ထိုးသတ်သွားခဲ့ရသည်။ အသာစီးအနေအထားကို ပိုင်ဆိုင်လိုက်ပြီးသည့် ဗရော်နီကာက ဖိအားပေးကာ လက်သီးချက်များ၊ ခြေကန်ချက်များ ဆက်တိုက်ပစ်လွှတ် ထိုးသတ်လိုက်သည့်အတွက် နွမ်ဗျူးသည် ကြိုးဝိုင်းကြမ်းပြင်ထက်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့ပြီး ကြိုးဝိုင်ဒိုင်လူကြီးက အမှတ်စဉ်ရေတွက်ပြီးချိန်တွင် ဆက်လက်ထိုးသတ်ရန် အသင့်အနေအထားဖြင့် မတ်တပ်ပြန်ရပ်လာနိုင်ခဲ့သည့်အတွက် ကြိုးဝိုင်းဒိုင်လူကြီးက ပွဲကို ဆက်လက်ထိုးသတ်ရန် ခွင့်ပြုလိုက်သေးသည်။ သို့သော် ပွဲပြန်လည်ထိုးသတ်ချိန် စက္ကန့်ပိုင်းအတွင်း၌ပင် ဗရော်နီကာ၏လက်သီးချက်များကို […]

၁၄ ပွဲဆက်တိုက် အနိုင်ရခဲ့သည့် ဗရော်နီကာ

Dawei Watch

October 30, 2023

ကယန်းတိုင်းရင်းသူ မွေထိုင်းလက်ဝှေ့မယ် ဗရော်နီကာ သည် ယမန်နေ့က ယှဉ်ပြိုင်ခဲ့ရသည့် THAI FIGHT Super Fight ပြိုင်ပွဲ၏စိန်ခေါ်ပွဲစဉ်တွင် ပြိုင်ဘက်ဖြစ်သူ ထိုင်းမွေထိုင်းလက်ဝှေ့မယ် ဖယားဆင်းဂါးကို အမှတ်ဖြင့် အနိုင်ယူကာ မွေထိုင်းလက်ဝှေ့လောကဖြတ်သန်းမှုတွင် ၁၄ ပွဲဆက်တိုက် အနိုင်ရရှိသည့် စံချိန်မှတ်တမ်းကို ရေးထိုးသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ ထိုင်းမွေထိုင်းလက်ဝှေ့မယ် ဖယားဆင်းဂါးသည် နာမည်ရလက်ဝှေ့မယ်တစ်ဦးဖြစ်ပြီး ကစားသမားဘဝဖြတ်သန်းမှုတလျှောက်တွင် ပွဲစဉ်ပေါင်း ၅၇ ပွဲအနိုင်ရဖူးထားသူလည်းဖြစ်သည်။ လေးလကြာ အနားယူလေ့ကျင့်ပြီးသည့်နောက်တွင်မှ စိန်ခေါ်ပွဲစဉ် ပြန်လည်ထိုးသတ်ခဲ့သော ဗရော်နီကာသည် ဖယားဆင်းဂါးကို သတိကြီးကြီးထားကာ ကစားသွားခဲ့ပြီး သတ်မှတ်ထားသော ပွဲချီ ၃ ချီပြည့်သည်အထိ တစ်ဦးနှင့် တစ်ဦး အပြတ်ဖြတ် အလဲထိုးနိုင်ခြင်း မရှိခဲ့သောကြောင့် ဗရော်နီကာနှင့် ဖယားဆင်းဂါးတို့က အမှတ်ပေးဒိုင်လူကြီးများ၏အဆုံးအဖြတ်ကို ခံယူလိုက်ကြရသည်။ အမှတ်ပေးဒိုင်လူကြီးများ၏ဆုံးဖြတ်ချက်များအရ ဗရော်နီကာသည် ဖယားဆင်းဂါးကို အမှတ်ဖြင့် […]

မန်ယူကို ဂလေဇာမိသားစု ရောင်းချတော့မည်မဟုတ်

Dawei Watch

September 3, 2023

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည် ၎င်းတို့မျှော်လင့်ထားသည့် ဈေးနှုန်းမျိုးကို မရရှိသည့်အတွက် အသင်းကို ရောင်းချပေးတော့မည် မဟုတ်ဘဲ ဆက်လက်ထိန်းသိမ်းသွားတော့မည်သာဖြစ်ကြောင်း Daily Mail သတင်းစာက ရေးသားဖော်ပြထားသည်။ ဂလေဇာမိသားစုနှင့် ကာလရှည်ကြာ ရင်းနှီးခဲ့သူများက ယခုသတင်းကို ပြောကြားခဲ့ခြင်းဖြစ်ပြီး ဂလေဇာမိသားစုမှာ များမကြာမီကာလအတွင်း မန်ယူကို အရောင်းဈေးကွက် တင်ထားရာမှနေ၍ ဖြုတ်ချပိတ်သိမ်းလိုက်တော့မည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ဂလေဇာမိသားစုသည် အစောပိုင်း၌ မန်ယူကို ပေါင် ၆ ဘီလီယံဖြင့် ရောင်းထုတ်မည်ဟု ပြောကြားထားခဲ့သော်လည်း လက်ရှိတွင် အသင်းတန်ကြေးကို ပေါင် ၁၀ ဘီလီယံအထိ တိုးမြှင့်တောင်းဆိုလိုက်သည့်အတွက် ဝယ်ယူရန် စိတ်ဝင်စားနေသော ကာတာဘီလျံနာ အယ်လ်ဂျတ်စ်ဆင်းနှင့် ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ဆာ ဂျင်မ်ရတ်ဒ်ကလစ်ဖ်တို့က နောက်ဆုတ်သွားခြင်းဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။ အက်ဒီးဒတ်စ် အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းစုနှင့် ပေါင်သန်း ၉၀၀ တန်ကြေးရှိ စပွန်ဆာစာချုပ်သစ်ကို ချုပ်ဆိုလိုက်နိုင်ခြင်း၊ […]