ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဓာတ်ပုံ သတင်း

ကံပေါက်ဒေသက အသံတိတ်သပိတ်နေ့မြင်ကွင်း

Dawei Watch

December 10, 2025

၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ယနေ့(ဒီဇင်ဘာလ ၁၀)တွင် အပြင်မထွက်ဘဲ အသံတိတ်သပိတ်၌ ပါဝင်ကြရန် တော်လှန်‌ရေးအင်အားစုများနှင့် သပိတ်လှုပ်ရှားမှုအဖွဲ့များက တိုက်တွန်းထားကြသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ခြင်းဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်းထားသဖြင့် ယနေ့ နံနက်ပိုင်း ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ ၊ ရွာလယ်ကျောက်တိုင်လမ်းဆုံ၏ အသံတိတ်သပိတ် မြင်ကွင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။ လွန်ခဲ့သည့် သုံးရင်ခန့်ကတည်းက ကံပေါက်ဒေသရှိ ရပ်ကွက် ၊ ကျေးရွာ အများစု တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် ဓာတ်ပုံပေးပို့ရန်အခက်အခဲလည်းကြုံနေရကြောင်းဒေသခံတို့ကဆိုသည် ။

လောင်းလုံးက အသံတိတ်သပိတ်

Dawei Watch

December 10, 2025

၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ယနေ့(ဒီဇင်ဘာလ ၁၀)တွင် အပြင်မထွက်ဘဲ အသံတိတ်သပိတ်၌ ပါဝင်ကြရန် တော်လှန်‌ရေးအင်အားစုများနှင့် သပိတ်လှုပ်ရှားမှုအဖွဲ့များက တိုက်တွန်းထားကြသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ခြင်းဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်းထားသဖြင့် ယနေ့ လောင်းလုံးမြို့နယ် ကျေးရွာချို့၏ အသံတိတ်သပိတ် မြင်ကွင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။

ထားဝယ်မြို့ မှ မြင်တွေ့ရသည့် နတ်တော်လပြည့်ည၏ စူပါမွန်းဖြစ်စဉ်

Dawei Watch

December 4, 2025

ကမ္ဘာနှင့် ပိုမိုနီးကပ်လာသည့် လ ကို ဒီဇင်ဘာလ ၄ ရက်နေ့နှင် ၅ ရက်နေ့တို့တွင် တွေ့မြင်ရမည်ဖြစ်ရာ ထားဝယ်မြို့ ၊ လောကမာရဇိန်ဘုရားကြီး ဝင်းအတွင်းမှ ယနေ့ နတ်တော်လပြည့်နေ့ ညဦးပိုင်း၌ တွေ့ရသည့် စူပါမွန်း၏ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ ပုံမှန်ထက် အလွန်ကြီးမားစွာမြင်တွေ့ရမည့် စူပါမွန်းဖြစ်စဉ်ကို ယနေ့နှင့် ဒီဇင်ဘာလ ၅ ရက်ညတွင် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက မြင်တွေ့ရမည်ဖြစ်ကြောင်း နက္ခတ်တာရာ လေ့လာသူများကဆိုသည် ။ ပြီးခဲ့သည့် အောက်တိုဘာလက ယခု ၂၀၂၅ ခုနှစ်၏ ပထမဆုံးအကြိမ် စူပါမွန်းဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာလ၌ ဒုတိယမြောက် စူပါမွန်းဖြစ်စဉ် ဖြစ်ပေါ်ခဲ့သေးသည်။ စူပါမွန်း ဖြစ်စဉ် ဆိုသည်မှာ လသည် ကမ္ဘာနှင့် ပိုမိုနီးကပ်သည့် “ပယ်ရီဂျီး (Perigee)” ဟုခေါ်သော အနီးဆုံးအမှတ်ကို […]

ထားဝယ်မြို့ က တရုတ်ဘိုးဘိုး စောစီကုန်း လှည့်လည်ပွဲ

Dawei Watch

November 14, 2025

ထားဝယ်မြို့တွင် ယနေ့ (နိုဝင်ဘာ ၁၄) နံနက်ပိုင်းက တရုတ်ဘိုးဘိုး စောစီကုန်း မြို့တွင်းလှည့်လည်ပူဇော်ပွဲကို ကျင်းပခဲ့သည်။ ဝဲကျွန်းရပ်ကွက်ရှိ ဟုတ်ဂွမ်တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းမှ စတင်ထွက်ခွာပြီး ဥတ္တံတားကြီးလမ်းဆုံ၊ ရဲရိပ်သာလမ်းဆုံ၊ လမ်းဆုံကြီး၊ ကမ်းနားစျေးလမ်းဆုံများ အတိုင်းလှည့်လည်၍ ဇရစ်ရပ်ကွက် ရှိ ကျမ်းတိတ်တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် နိုဝင်ဘာလ ၁၅ ရက်အထိ အပူဇော်ခံမည်ဖြစ်သည်။ နိုဝင်ဘာလ ၁၆ ရက်တွင် ကျမ်းတိတ်ဘုရားကျောင်း မှ ပြန်ထွက်ခွာ၍ ညောင်ပင်ကြီးလမ်းဆုံ၊ တောင်ခွလမ်းဆုံ၊ လမ်းဆုံကြီး၊ မြိတ်တန်းလမ်းဆုံ၊ ဥတ္တံတားကြီးလမ်းဆုံ၊ ကညနလမ်းဆုံများအတိုင်း ပြန်လှည့်လည်၍ ဟုတ်ဂွမ်ဘုရားကျောင်းသို့ ပြန်ပင့်ဆောင်မည်ဖြစ်သည်။ စောစီကုန်း လှည့်လည်ပူဇော်ခံပွဲကို နှစ်စဥ်လှည့်လည်ကျင်းပခြင်းမျိုးမဟုတ်ဘဲ အလျဥ်းသင့်သလို ကျင်းပခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် နောက်ဆုံး ကျင်းပခဲ့ကာ ခုနစ်နှစ်ကြာမှ ယခုတဖန်ပြန်ကျင်းပခြင်းဖြစ်သည်။ ထားဝယ်ဒေသတွင် စောစီကုန်း တရုတ် ဘိုးဘိုး ကို […]

ညောင်ဇင်နှင့် ကံပေါက်က နှစ်ကျိပ်ရှစ်ဆူဘုရားများ နေ့ဘက်လှည့်

Dawei Watch

November 4, 2025

ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကျင်းပပြီး နောက်တစ်ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပလေ့ရှိသည့် ညောင်ဇင်ရွာနှင့် ကံပေါက်ရွာ ဘုရားလှည့်ပွဲများကို ယခုနှစ်တွင်လည်း နေ့ဘက်လှည့်လည်ကျင်းပ အပူဇော်ခံခဲ့သည်။ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာတွင် ၈၁ ကြိမ်မြောက် ဘုရားလှည့်ပွဲကို ယနေ့ နိုဝင်ဘာလ ၄ ရက် နေ့လယ်ပိုင်းတွင် ကျေးရွာအတွင်း ကျင်းပခဲ့သည်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ရပ်နားခဲ့ကာ ၂၀၂၃ ခုနှစ်ကစ၍ နှစ်ကျိပ်ရှစ်ဆူဘုရားများထဲမှ တစ်နှစ်လျှင် ပွင့်စဥ်အလိုက် လေးဆူစီရွေးချယ်၍ ရှင်ဥပဂုတ္တ၊ အလောင်းတော် နတ်သားရုပ်ပွားတော်များ ခြံရံလှည့်လည်ခဲ့ကြသည် ။ လာမည့်နှစ်တွင်ကျရောက်မည့် ညောင်ဇင်ရွာ၏ ၈၂ကြိမ်မြောက် ဘုရားလှည့်ပွဲတွင်မူ ဘုရားလေးဆူစီရွေးချယ်ကာ မလှည့်လည်တော့ဘဲ နှစ်ကျိပ်ရှစ်ဆူစလုံး အပူဇော်ခံ လှည့်လည်နိုင်ရန် လျာထားကြောင်း ပွဲစီစဉ်သူ များထံမှသိရသည် ။ ရေဖြူမြို့နယ်၊ ကံပေါက်ရွာက ၇၆ ကြိမ်မြောက် […]

ထားဝယ်ကမ်းနားလမ်း တန်ဆောင်တိုင် မီးပုံးပျံလွှတ်ပွဲ

Dawei Watch

November 4, 2025

ထားဝယ်မြို့၊ ကမ်းနားလမ်း သဲကွင်း (သပိတ်မျှောကွင်း) တွင် တန်ဆောင်မုန်းလဆန်း ၁၄ ရက် နိုဝင်ဘာလ ၃ ရက် ညက မီးပုံးပျံလွှတ်ပြိုင်ပွဲကို ကျင်းပသည်။ ထားဝယ်လူမျိုးစုစည်းမှုကော်မတီက ဦးစီးကျင်းပခြင်းဖြစ်ပြီး ရပ်ကွက်နှင့် အသင်းအဖွဲ့ ဆယ်ခုက မီးပုံးပျံ ဆယ်လုံးလွှတ်တင်ယှဥ်ပြိုင်ခဲ့ကြသည်။ မြောင်းပုလဲရပ်ကွက် မီးပုံးပျံအသင်းက ပထမဆုရရှိကြောင်း ပါဝင်ယှဥ်ပြိုင်ခဲ့သည့် မီးပုံးပျံအသင်းများထံမှ သိရသည်။ မီးပုံးပျံများတွင် မြတ်စွာဘုရားရုပ်ပုံ၊ ထားဝယ်ဒေသက ထင်ရှားသည့် မီးပုံးပျံ ဦးကျော်ရင် ရုပ်ပုံနှင့် အလှချိတ်မီးပုံးငယ်များ ချိတ်ဆွဲလွှတ်တင်ခဲ့ကြခြင်းဖြစ်သည်။ ယင်းမီးပုံးပျံလွှတ်ပွဲ ကျင်းပသည့်နေရာတွင် ဇာတ်ပွဲလည်း ထည့်သွင်းထားပြီး ၁၁၃ ကြိမ်မြောက် လှည့်လည် အပူဇော်ခံသည့် နှစ်ကျိပ်ရှစ်ဆူဘုရားများလည်း ခေတ္တရပ်နားအပူဇော်ခံခဲ့ကြကြောင်း ဘုရားဖူးများထံမှ သိရသည်။ ၂၀၁၉ ခုနှစ်က ထားဝယ်သပိတ်မျှောပွဲတွင်လည်း အထက်ပါ သဲကွင်းနေရာ၌ပင် ဖိတ်ခေါ်မီးပုံးပျံလွှတ်ပြိုင်ပွဲ ကျင်းပခဲ့ဖူးသည်။ […]

ကိုဗစ်ကာလနောက်ပိုင်း ထားဝယ်တန်ဆောင်တိုင် ပထမဆုံးအကြိမ် ညဘက်ဘုရားလှည့်

Dawei Watch

November 3, 2025

ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲအား ကိုဗစ်ကာလတွင် ရပ်နားခဲ့ပြီး ယခုနှစ်တွင် ပထမဆုံးအကြိမ် ညဘက်ပြန်လည်ကျင်းပသည်။ ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲအား ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့သော်လည်း နေ့ဘက်သာ ကျင်းပခဲ့သည်။ ယနေ့ တန်ဆောင်မုန်းလဆန်း ၁၄ ရက် (နိုဝင်ဘာလ ၃ ရက်) ညနေ ၆ နာရီကစပြီး ထားဝယ်ဘုရားကြီးဝင်းမှ နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် ကိုယ်စားတော်များ ထားဝယ်မြို့တွင်း ညလုံးပေါက် လှည့်လည်အပူဇော်ခံနေသည်။ နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဘုရားတံကဲ၊ မီးဖောင် နှင့် ဘုရားကားများတွင် မိုးရေဒဏ်ခံနိုင်ရန် အကာအကွယ်များ ကြိုတင်ပြင်ဆင်ထားသည်ကို တွေ့ရသည်။ ဘုရားလှည့်ပွဲဖွင့်ပွဲ ပြုလုပ်သည့် ညနေပိုင်းတွင် မိုးမရွာခဲ့ဘဲ ဘုရားလှည့်လည်သည့် ညပိုင်းတွင် မိုးအနည်းငယ်ရွာနေ ကြောင်း မြို့ခံများက ပြောသည်။ ဘုရားလှည့်ရာတွင် ယခင်ကာလဘုရားပွဲများကဲ့သို့ ဒေဝါဝင်း […]

ထားဝယ် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ညဘက်ပို့ဆောင်

Dawei Watch

October 31, 2025

၁၁၃ ကြိမ်မြောက် ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲအတွက် ရပ်ကွက်အလိုက် ပူ‌ဇော်ခံထားရှိသည့် ဘုရားများကို တန်ဆောင်မုန်းလဆန်း ၁၀ ရက် ညတွင် ရပ်ကွက်အတွင်း နောက်ဆုံးအပူဇော်ခံကာ ဘုရားလှည့်ပွဲကျင်းပမည့် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းသို့ ပို့ဆောင်ကြသည်။ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှစ၍ နေ့ဘက်လှည့် လည်ပူဇော်ခဲ့ကြသည့် ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို ယခုနှစ်တွင် မူလအတိုင်း ညနေပိုင်းမှစ၍ ထားဝယ်မြို့အတွင်း ညလုံးပေါက်လှည့်လည်အပူဇော်ခံမည် ဖြစ်သည်။ ထို့ကြောင့် တနင်္သာရီတိုင်း စစ်ကော်မရှင်သည် တန်ဆောင်မုန်းလဆန်း ၁၀ ရက် ညမှစ၍ လပြည့်နေ့အထိ ထားဝယ်မြို့အတွင်း ညမထွက်ရအမိန့်ကို ခြောက်ရက်တာ ရုပ်သိမ်း‌ထားသည်။ ယနေ့ ထားဝယ်မြို့ရှိ ရပ်ကွက်အသီးသီးမှ နှစ်ကျိပ်ရှစ်ဆူဘုရားများကို ဘုရားကြီးဝင်းအတွင်းသို့ ပို့ဆောင်ကြရာတွင် မြိုတွင်း လမ်းတစ်‌လျှောက် ရပ်ကွက်အသီးသီး၌ စတုဒီသာအလှူများ၊ အကအလှယာဉ်များ၊ ဖျော်ဖြေရေးအဖွဲ့များ၏ အတီးအမှုတ်အကအခုန်ဖြင့် […]