ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ဘေးဒဏ်ကြားက မောင်မယ်ရှောင်ရွာရဲ့ သင်္ကြန်

April 17, 2026

ဓာတ်ပုံ - ဒေသခံတစ်ဦး။

ထားဝယ်မြို့နယ်၊ ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က မောင်မယ်ရှောင်ရွာမှာ ယနေ့ နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်မှာ ရွာသားအချို့ ရေကစားနေကြပါတယ်။

ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲဘုရားကြီးဆီ နှစ်ဆန်းတစ်ရက်မှာ ပတ်ဝန်းကျင်ကျေးရွာတွေက အတာအိုး လာပို့ကြသူတွေကို အပြန်ခရီးမှာ ညနေအထိ ရေကစားကြတာက မောင်မယ်ရှောင်ရွာရဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ ကိုဗစ်နဲ့ စစ်ရေးပဋိပက္ခတွေအကြား အဲဒီဓလေ့ မှေးမှိန်ခဲ့ရပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလကစပြီး ရွာဝန်းကျင်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပြီး စစ်ရေးပြင်းထန်လာတာခဲ့တာကြောင့် ရွာလုံးကျွတ် စစ်ဘေးရှောင်နေခဲ့ရတာ ၂ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ယခုသင်္ကြန်ကာလမှာတော့ တိမ်းရှောင်နေကြတဲ့ရွာသားအချို့ ကျေးရွာကို ပြန်လာကြပြီး သင်္ကြန်ရေကစားခဲ့ ကြတာပါ။

လက်တလောမှာတော့ ကျေးရွာအတွင်းနေ့ဘက် ဝင်ရောက်နေထိုင်သူအချို့ရှိပေမယ့် ညအိပ်ညနေ မနေရဲကြသေးဘူးလို့ ရွာသားတွေဆီကနေ သိရပါတယ်။