ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောတောင်မြို့တွင် လူနာတင်ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး

September 8, 2026

တနင်္သာရီ-မောတောင်လမ်းပိုင်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် လူနာတင်ကားတစ်စီး ပစ်ခတ်ခံရပြီး ကားကြုံလိုက်ပါလာသည့် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

မောတောင်မြို့မှ လူနာတစ်ဦးကို တနင်္သာရီမြို့သို့ ပို့ဆောင်ပြီးပြန်လာသည့်အချိန် စက်တင်ဘာလ ၇ရက် နေ့လယ်ပိုင်းတွင် သိန်ခွန်းရွာဝန်းကျင်၌ ပစ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ကားကြုံလိုက်ပါလာသည့် အသက် ၄၀ ဝန်းကျင်အရွယ် မောတောင်ဒေသခံ ကိုသားကြီး ဦးခေါင်းတွင် ကျည်ထိမှန်ပြီး သေဆုံးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဘယ်လိုဖြစ်သွားလဲတော့ တိတိကျကျမသိရဘူး။ အပစ်ခံထိပြီး မိနစ် ၃၀ အကြာမှာ သေသွားတယ်” ဟု အထက်ပါ နီးစပ်သူက ပြောဆိုသည်။

သိန်ခွန်းရွာသည် တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် တည်ရှိပြီး စစ်အာဏာရှင်တပ်က ၂၀၂၄ ခုနှစ်တွင် ပြန်လည်ထိန်းချုပ်ထားသည်။

လူနာတင်ယာဉ် မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခံရသည်ကိုမူ သေသေချာချာ မသိရသေးပေ။

လူနာတင်ယာဉ် ပစ်ခတ်ခံရသည့် နေရာအနီးဝန်းကျင်တွင် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။