ထားဝယ်မြို့ပေါ်တွင် အဖိတ်ဥပသကာနေ့ အဖွဲ့စုံနီးပါး ပြန်ထွက်လာ
Dawei Watch
September 4, 2026ယခုနှစ် ဝါတွင်းကာလ ထားဝယ်မြို့မှာ ဥပသကာအဖွဲ့တွေ အစုံအလင် ပြန်ထွက်လာတယ်လို့ ဥပသကာအသင်းတွေက ဆိုပါတယ်။ ထားဝယ်မြို့တွင်းမှာ အခုနှစ်ဝါတွင်း လှည့်လည်အလှူခံနေတဲ့ ဘုရား၊ စေတီကိုယ်စားပြု၊ ရပ်ကွက်ကိုယ်စားပြု ဥပသကာအဖွဲ့ နှစ်ဆယ်ဝန်းကျင်ရှိတယ်လို့ Dawei Watch က စုစည်းထားတဲ့ အချက်အလက်အရ သိရပါတယ်။ အခုနှစ်မှာ ကိုဗစ်ကာလကတည်းက ကာလရှည်ကြာ ရပ်နားထားတဲ့ ရှင်ကိုးရှင်စာရင်းဝင် ရှင်ပင်ခရု၊ ရွှေဂူဘုရားသိမ် စတဲ့ ဥပသကာအဖွဲ့တွေလည်း ပြန်ထွက်လာပါတယ်။ လူအင်အား အခက်အခဲကြောင့် ရပ်နားထားခဲ့ရပြီး အခုနှစ်မှာ ဥပသကာအဖွဲ့ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ရှိသမျှလူအင်အားနဲ့ ဥပသကာ ပြန်ထွက်ဖြစ်ခဲ့တာလို့ ရှင်ပင်ခရုဘုရား ဥပသကာအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ထားဝယ်မြို့မှာ ဥပသကာအဖွဲ့တွေဟာ ကိုဗစ်ကာလနဲ့ နိုင်ငံရေးပဋိပက္ခတွေအကြား သုံးနှစ်လောက် ရပ်နားခဲ့ရပြီး ၂၀၂၄ ခုနှစ်ခန့်မှစ၍ […]


