ထိုင်းမှာ တော်လှန်ထီ၊ နွေဦးထီရောင်းနေတဲ့ မြန်မာနှစ်ဦး အဖမ်းခံရဆိုပြီး သတင်းအမှားဖြန့်
Dawei Watch
June 22, 2026ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်မှာ ထိုင်းထီရောင်းချနေတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို နယ်မြေတာဝန်ရှိသူတွေက ဇွန်လ ၁၆ ရက်မှာ ဖမ်းဆီးအရေးယူခဲ့ပါတယ်။ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်ကို လုပ်တာကြောင့် ဖမ်းဆီးတာလို့ ဆိုပါတယ်။ အဲဒီဖြစ်စဥ်ကို စစ်အုပ်စု ဝါဒဖြန့် တယ်လီချန်နယ်တွေက ထိုင်းမှာ တော်လှန်ထီ၊ နွေဦးထီ ရောင်းနေတဲ့ မြန်မာနှစ်ဦး ဖမ်းဆီးခံရတယ်ဆိုပြီး ဇွန်လ ၁၈ ရက်မှာ ရေးသားဖြန့်ချိနေကြပါတယ်။ အဲဒီလိုဖြန့်ချိတာနဲ့ ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အပေါ်အခြေခံကာ ထင်ယောင်ထင်မှားဖြစ်အောင် ပုံဖျက်ရေးသားထားတဲ့ ဖော်ပြချက် အမှားဖြစ်တာကို စိစစ်တွေ့ရပါတယ်။ Subscriber ငါးသောင်းကျော်ရှိတဲ့ နေပြည်တော် နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ချိချက်ဟာ မြင်တွေ့ပြီးသူ သုံးထောင်ငါးရာကျော်နဲ့ […]


