တနင်္သာရီမြစ်ဟာ ဧရာဝတီမြစ် နံပါတ် ၂ မဟုတ်
Dawei Watch
February 28, 2025တနင်္သာရီတိုင်းအတွင်း ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်ကို ဖြတ်သန်းစီးဆင်းနေတဲ့ တနင်္သာရီမြစ်ကို ဧရာဝတီမြစ် နံပါတ် ၂ (Ayeyarwady River 2) ဖြစ်တယ်လို့ Follower တစ်သန်းကျော်ရှိတဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုက ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖော်ပြချက်သုံးခုနဲ့ ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်နှစ်စင်းရှိတယ်လို့ဖော်ပြပြီး အဲဒီနှစ်စင်းမှာ ကချင်ပြည်နယ်က စတင်စီးဆင်းပြီး ဧရာဝတီတိုင်းမှာ မြစ်ခွဲများစွာနဲ့ ပင်လယ်အတွင်းစီးဝင်တဲ့ မြစ်တစ်စင်း၊ တနင်္သာရီတိုင်း မေတ္တာမြို့အနီးကစတင်ပြီး ပင်လယ်ထဲ စီးဆင်းသွားတဲ့ မြစ်တစ်စင်းတို့ ဖြစ်ကြတယ်လို့ ဖော်ပြတာပါ။ မေတ္တာမြို့အနီးမှာ ဧရာဝတီမြစ်လို့ ခေါ်ဆိုပြီး မြိတ်မြို့နယ်သို့ ရောက်ရှိလာမှ တနင်္သာရီမြစ်လို့ ခေါ်ဆိုတယ်လို့လည်း ရေးသားထားပါသေးတယ်။ ဒီရေးသားဖြန့်ချိမှု တွေကို Reaction နှစ်သောင်းကျော် အထိရှိပြီး ပျံ့နှံ့မှု အားကောင်းခဲ့ တာကြောင့် အချက်အလက်စိစစ်ဖော်ပြဖို့လိုအပ်တယ်လို့ Myanmar Factchecking Network […]


