ဗိုလ်ကြီးဟောင်းနေမျိုးဇင် သေဆုံးပြီဆိုသည့် သတင်းအမှား
Dawei Watch
April 2, 2024စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အပါအဝင် ဆိုရှယ်မီဒီယာ အကောင့်တို့က ဗိုလ်ကြီးဟောင်း နေမျိုးဇင် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများ ဖြန့်ချီနေကြသည်။ ယင်းအပေါ် Dawei Watch က အချက်လက်စိစစ်ကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရသည်။ အဆိုပါသတင်းကို စတင်ဖြန့်ချီသူမှာ Naung Taw Lay အမည်ဖြင့် တယ်လီဂရမ်ချန်နယ်ဖြစ်ပြီး ဧပြီလ ၁ ရက် နံနက် ၉ နာရီအချိန်တွင် စတင်ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အကြမ်းဖက်လှုံ့ဆော်ပြီး နိုင်ငံရေးလုပ်စားသူဟု တစ်ဖတ်သတ်စွပ်စွဲရေးသားထားပြီး သတင်းအမှားဖြန့်ဝေထားသည်ကို အောက်ပါ စခရင်ရှော့တွင် ကြည့်နိုင်ပါသည်။ အဆိုပါသတင်းအမှားကို စတင်ဖြန့်ချီသည့် Naung Taw Lay ဆိုသူသည် သတင်းသမား အမည်ခံထားပြီး စစ်ကောင်စီအကြိုက် သတင်းများကို ထုတ်လွှင့်ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် စစ်ကောင်စီအား တော်လှန်နေသူများကို အကြမ်းဖက်သမားဟု ပုံဖော်နေသူဖြစ်သည်ကို တွေ့ရသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အား အကြမ်းဖက်ဓားပြအဖြစ် ပုံပေါ်ဖြန့်ချီထားသည်ကို အောက်ပါ စခရင်ရှော့တွင် ကြည့်နိုင်ပါသည်။ ဒေသတွင်းပျူစောထီးတို့ကလည်း သတင်းမှားထပ်ဆင့်ဖြန့်ဝေ အဆိုပါသတင်းအမှားကို ဆိုရှယ်မီဒီယာအကောင့်မျိုးစုံက ထပ်ဆင့်မျှဝေလျှက်ရှိသည်။ ထိုအထဲတွင် တနင်္သာရီတိုင်းရှိ ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်နေသည်။ မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ ပျူစောထီးအဖွဲ့ဝင်တစ်ဦးက ဗိုလ်ကြီးဟောင်းနေမျိုးဇင်သေဆုံးသွားပြီဖြစ်ကြောင်း သဘောရသည့် […]


