ထိုင်းမှာ အထောက်အထားလုပ်ချိန် မြန်မာငါးရာကျော် HIV ပိုးတွေ့တယ်ဆိုတဲ့ သတင်းအမှား
Dawei Watch
August 14, 2025ထိုင်းနိုင်ငံမှာ ပတ်စ်ပို့၊ ပန်းရောင်ကတ် (ဘတ်) ၊ စီအိုင်စာအုပ် (Certificate of Identity) စတဲ့ အထောက်အထားတွေ ပြုလုပ်ဖို့ ဆေးစစ်တဲ့အချိန် မြန်မာနိုင်ငံသား ငါးရာကျော် HIV (ခုခံအားကျဆင်းမှု ကူးစက်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်) ရောဂါပိုး စစ်ဆေးတွေ့ရှိတယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ အဲဒီလို ပျံ့နှံ့နေတဲ့ ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။ မြန်မာအလုပ်သမား ငါးရာကျော် HIV ပိုးတွေ့တယ်ဆိုတဲ့ အကြောင်းအရာကို လူမှုကွန်ရက်မှာ ဖြန့်ချိကြရာမှာတော့ အကြောင်းအရာ သုံးခုကွဲနေတာ တွေ့ရပါတယ်။ ပတ်စ်ပို့လုပ်ဖို့ ဆေးစစ်ရာကနေ တွေ့တယ်၊ ပန်းရောင်ကတ်လုပ်ဖို့ ဆေးစစ်ရာကနေ […]


