စစ်အာဏာရှင်ရဲ့ ‘သေနတ် တစ်ဖက်၊ မိုက်ခွက် တစ်ဖက်’ (အပိုင်း ၂)
Dawei Watch
October 11, 2025ကိုလိုနီနယ်ချဲ့ခေတ်တွင် ဗြိတိသျှ မျက်နှာဖြူနှင့် ၎င်းတို့ အိန္ဒိယမှ ခေါ်ဆောင်လာသော ကုန်သည် လယ်လုပ်လူတန်းစားတို့မှာ မြန်မာမျိုးချစ် ဝါဒီများအတွက် အဓိက ရန်သူများဖြစ်ခဲ့သည်။ လွတ်လပ်ရေး ရပြီးချိန်တွင်လည်း ကွန်မြူနစ်များ၊ တိုင်းရင်းသား လက်နက်ကိုင်များကြောင့် တိုင်းပြည် မတည်မငြိမ်ဖြစ်နေသည်။ ကိုလိုနီအကြွင်းအကျန် ဂုတ်သွေးစုပ် စီးပွားရေးသမားများက တိုင်းပြည် အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ထားပြီး လူအများစု မြန်မာများမှာ ဆင်းရဲ ကျပ်တည်းရနေရသည်။ ထိုသို့ အစဉ်တစ်စိုက်ပုံဖော်သည်။ ထိုသို့ဖြင့် မြန်မာစစ်တပ်က ၁၉၆၂ အလုံးစုံ အာဏာသိမ်းပြီးချိန်တွင် အများအားဖြင့် နိုင်ငံခြားသားများ၊ မြန်မာတိုင်းရင်းသားမဟုတ်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူပိုင် အမည်ခံကာ သိမ်းယူသည်။ ယင်းမှာ မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ်နှင့် ကိုလိုနီအလွန်ကာလတွင် ပြည်ပနိုင်ငံများနှင့် ပြည်ပ စီးပွားရေးလုပ်ငန်းများကြောင့် အောက်ကျ နောက်ကျ ဆင်းရဲရခြင်းအတွက် စိတ်ဒဏ်ရာတစ်စိတ်တစ်ပိုင်း၏ […]


