ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

July 25, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

• စစ်အာဏာရှင်တပ်က ထားဝယ် SEZ ဒေသရှိ နေအိမ်တွေကို မီးရှို့ ဖောက်ထွင်း

• ထားဝယ်ရှိ စက်သုံးဆီဆိုင်တွေမှာ တန်းစီဝယ်သူ ပြန်များလာ

• ပလမြို့ကို စစ်ကြောင်းထိုးလာလို့ စစ်ရှောင်တွေ ထပ်ထွက်ပြေးရ

• စစ်အာဏာရှင်တပ်က ကွင်းသစ်ရွာစာသင်ကျောင်းကို ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်

• ဗိုလ်မှူးကြီးဗထူး ဇာတိ လေးသွန်းခံရွာမှာ နေအိမ်သုံးဆောင်ကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး

• စစ်အာဏာရှင်တပ်လက်အောက်ခံ ပလကဖတပ်ဖွဲ့ဝင် ကော့သောင်းမြို့ခံတစ်ဦး တော်လှန်ရေးတပ်ဆီ ဘက်ပြောင်း

• သရက်ချောင်း ဝင်းဝစခန်းဂိတ်က ဆိုင်ကယ်စီးခွင့်ပိတ်ထားလို့ ဒေသခံတွေ သွားလာရေး အခက်ကြုံ

• စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ မြိတ်ဒေသခံနှစ်ဦး အလောင်းပြန်မရ

• မောရဝတီရေတပ်နားက ကျေးရွာချင်းဆက်တံတား ပျက်စီးနေတာ ပြန်မပြင်ပေးနိုင်ဘူးလို့ စစ်အုပ်စုပြော

• ထားဝယ်-လောင်းလုံး ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတစ်စီးကို စစ်အာဏာရှင်တပ် ဖမ်းဆီး

• သရက်ချောင်းမှာ စစ်အာဏာရှင်တပ်က ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာတွေ များလာစတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။