မန်ယူ၊ အာဆင်နယ်၊ သီးဆုစ်၏ သင်္ဘောနှင့် ဦးပိန်တံတား – အမှတ်သညာထောင်ချောက်
Dawei Watch
May 30, 2026၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက အညာမှာ ဖြစ်ခဲ့တယ်။ NLD ထောက်ခံသူတစ်ယောက်ကို USDP ထောက်ခံသူတွေက ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်လိုက်ကြတယ်။ တစ်နေ့ကလည်း အာဖရိက ယူဂန္ဓာမှာ ဖြစ်သွားခဲ့တယ်။ အောင်ပွဲခံနေတဲ့ အာဆင်နယ်ပရိသတ်တစ်ယောက်ကို မန်ယူပရိသတ်တစ်ယောက်က သတ်လိုက်တယ်ဆိုတဲ့ သတင်း။ အပေါ်ယံကြည့်ရင် ဒီဖြစ်ရပ်နှစ်ခုဟာ ဘာမှမဆိုင်သလို ထင်ရပါတယ်။ တစ်ခုက နိုင်ငံရေး၊ တစ်ခုက ဘောလုံး။ ဒါပေမဲ့ အခြေခံအကြောင်းတရားကတော့ အတူတူပါပဲ။ လူသားတွေဟာ ကိုယ်တိုင်ဖန်တီးထားတဲ့ စိတ်ကူးယဉ်ထောင်ချောက်ထဲကို ကိုယ်တိုင်ပြန်ကျသွားကြတာပါ။ ရင့်ကျက်တဲ့အမြင်အကြောင်း မသွားခင် ကျွန်တော် ကလေးဘဝကို ပြန်အမှတ်ရမိပါတယ်။ ကျွန်တော့်စက်ဘီးဟာ မကြာမကြာပဲ ပျက်တတ်တော့ ပြင်ဆိုင်ကို ခဏခဏသွားခဲ့ရပါတယ်။ ဟိုပစ္စည်းလေး အသစ်လဲလိုက်၊ ဒီဟာလေး အသစ်ထည့်လိုက်နဲ့ ကြာလာတော့ မူလစက်ဘီးမှာ ပါခဲ့တဲ့အရာတွေက ကိုယ်ထည်တို့၊ ဘီးခွေတို့လို ကြီးမားတဲ့အစိတ်အပိုင်းတွေလောက်ပဲ […]


