မှတ်ဉာဏ်နဲ့ ဒဏ်ရာ
Dawei Watch
February 21, 2026မှတ်ဉာဏ်က ဒဏ်ရာကိုပြောတယ်၊ အဲဒါမင်းရဲ့ကံကြမ္မာပဲ။ ဒဏ်ရာကပြန်ပြောတယ်။ အဖန်တစ်ရာဆိုလည်း လက်မခံဘူး မှတ်ဥာဏ်ရေ။ ကိုယ့်မှာ ဒဏ်ရာကော မှတ်ဉာဏ်ပါသေချာ ပေါက်ရှိပါတယ်။ မှတ်ဉာဏ်အချို့ကို လက်မခံချင်ဘူး။ ပါမန်းနန့်ဒလိထ် လုပ်ပစ်ချင်တာ။ လုံးလုံးဝဝ ကို ဖျက်ပစ်လိုက်ချင်တာ။ ဒဏ်ရာအချို့အခင်းအကျင်းဟာ ကံကြမ္မာချို့ယွင်း ဟင်းလင်းမှုကြောင့်ဆိုတာကိုလည်း တစ်စိပ်တစ်ပိုင်းပဲ ခံယူရှုမြင်နိုင်တယ်။ ကံ ဆိုတာ အလုပ်လို့ သတ်မှတ်ကြတယ် ဆိုရင်ပေါ့။ မှတ်ဉာဏ်နဲ့ဒဏ်ရာဆိုတာ လက်ခံတဲ့ ကံကြမ္မာလိုပါပဲ။ မှတ်ဉာဏ်ဆိုတာ မှတ်သား။ မှတ်မိနေတာ။ ရွှံ့ပျော့ပျော့မှာ ကျွံဝင်စူးနစ်သွားတဲ့အရာ၊ တချို့ဆို သေရာပါလို့။ ကလေးငယ်တစ်ယောက်ရဲ့ ရင်ဘတ်နုနုလေးဟာ ဖယောင်းရည်ပူမှာ သွန်းလောင်း ပုံထွင်းခံခဲ့ရသလိုမျိုး။ အဆိုးချည်းပဲ လည်းမဟုတ်ပြန်ဘူး။ ကောင်းတဲ့အမှတ်တရ တွေလည်းရှိတယ်။ ခြံဝန်းဂိတ်တံခါးစီကနေ အိမ်ရှေ့အထိ မောင်းဝင်လာတဲ့လင်န်းရိုဗာ အင်ဂျင်စက်သံ တဗျဲဗျဲကြားလိုက်ရတယ်။ အဖေပြန်လာပြီ။ အိမ် ဧည့်ခန်းတံခါးဆီ […]


