မေ့မရသော အတိတ် – အာဇာနည်နေ့ အခမ်းအနား ပုံရိပ်
Dawei Watch
July 19, 2025အတိတ်ဆိုပေမဲ့ ဘယ်လိုမှ မေ့မရတဲ့ အတိတ်ပါ။ မျိုးဆက်တွေက ပျောက်မသွား၊ ပြတ်မသွားဘဲ ခေတ်ဝန်ကို လက်ကမ်းရင်း ထမ်းရွက်နေကြဆဲ ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂ မျိုးဆက်တွေ အကြောင်းပါ။ တိတိကျကျ ပြောရရင် လွန်ခဲ့တဲ့ ၁၃ နှစ်က မုန်တိုင်းထဲပေါက် ဖွားလာတဲ့ လူငယ် မျိုးဆက်များဟာ အခုလို ကာလ မိုးထဲရေထဲ မုန်တိုင်းထဲ ကြံ့ကြံ့ခံ ဖြတ်ကျော်နေဆဲလို့ ပြောရင် အံ့သြ ကြမယ်မ ထင်ပါ။ ဇာတ်ကွက်ပေါင်းများစွာထဲမှ ၂၀၁၂ ခုနှစ် ၁၉ ဇူလိုင် အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ကြတဲ့ ထားဝယ်ခရိုင်ကျောင်းသားများ သမဂ္ဂ မျိုးဆက်များအကြောင်း တူးဆွ ကြည့်သည်။ ကျနော်တို့ အတူ အတိတ်ကို ပြန်သွားကြရအောင်ပါ။ ဇူလိုင်မိုးသည် အာရုဏ်တက်ချိန်အထိ ရွာနေတုန်းပင်။ နံနက် ၄ နာရီ […]


