စည်ကားတဲ့ တစပြင်
Dawei Watch
May 2, 2025သုဿန်ဝင်းသည် မနက်ခင်းဝယ်တိတ်တဆိတ်။ နွေနှောင်းတွင်ရွက်ဝါတို့ပင်မရှိရှာလေတော့သော ရိုးတံကျဲကျဲ သစ်ပင်အချို့သည် ဝင်းထဲတွင် ငြိမ်သက်နေသည်။ မီးသင်္ဂြိုဟ်စက်ရှိရာ အဆောင်နှင့် မဝေးလှသော နာရေးဇရပ်တွင် အသက်မဲ့ရှာနေပြီဖြစ်သော သူတယောက်သည် အအေးခန်းသေတ္တာထဲဝယ် လျောင်းစက်နေသည်။ မကြာမီသူ၏ ဥတုဇရုပ်ကလာပ်သည်လည်း လောင်မြိုက်ခံရပေတော့မည်။ ခပ်နွမ်းနွမ်းကားတစီး ဝင်းထဲသို့ဝင်လာသဖြင့် သင်္ချိုင်းဝင်းထဲတွင် အစာရှာနေသော ငှက်တအုပ် အလန့်တကြား ထပျံသွားသည်။ ရုတ်တရက် ထအော်သော တစ်တီတူးငှက်၏ မြည်သံကားစူးလှ၏။ အနီးအနားရှိအပင်ပေါ်မှ ဥဩငှက်သည် ခပ်ဆွေးဆွေး တေးသွားတပုဒ်ကို မနက်စောစောထဆိုနေပြန်သည်။ ကားပေါ်မှ လူတချို့ဆင်းလာကြသည်။ သူတို့၏ ပစ္စည်းများကို နေရာချနေသည်။ ကားပေါ်ကဆင်းလာသူ မည်သူကမျှ နာရေးဇရပ်သို့ ခြေဦးမလှည့်။ သူတို့၏ ပစ္စည်းများကို နေရာချရန်သာ အာရုံကျနေကြသည်။ ပါလာသော စားပွဲများ၊ ခုံများကိုနေရာချနေသည်။ ထီးအကြီးကြီးများဖြင့် ယာယီအမိုးလုပ်သည်။ သူတို့၏ အထုပ်များ၊ ပုံးများ၊ […]


