ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အက်ဆေး

ကမ္ဘာကြီးရဲ့လူ့အဖွဲ့အစည်းဆီသို့

Dawei Watch

August 12, 2026

သို့ . . . . ကမ္ဘာကြီးရဲ့လူ့အဖွဲ့အစည်းဆီသို့ ဒီနေ့မှာတော့ ကမ္ဘာပေါ်မှာရှိတဲ့လူတွေအများကြီးဆီကို ကျွန်မက ပေးစာတစ်ခုပေးပို့လိုက်ပါတယ်။ လူရယ်လို့ဖြစ်လာပြီဆိုရင် လူ့စည်း၊ လူ့ဘောင်၊ လူ့စည်းကမ်း၊ လူ့ကျင့်ဝတ်၊ ဆင်ခြင်တုံတရားတွေနဲ့ ခြံရံပြီးနေထိုင်ရပါတယ်။ ပတ်ဝန်းကျင်နဲ့လူမှုအသိုင်းအဝိုင်းတွေမှာလည်း လိုက်လျောညီထွေစွာနေတတ်ဖို့ လိုအပ်ပါသေးတယ်။ ဒါပေမဲ့ အခုခေတ်မှာတော့ တချို့သောလူသားတွေက တစ်ယောက်ကိုတစ်ယောက် စည်းတွေမထားဘဲ လူ့စည်းကမ်း၊ လူ့ကျင့်ဝတ်တွေကို အများကြီးချိုးဖောက်လာတာကိုတွေ့ရပါတယ်။ လူတစ်ယောက်ကို အပြစ်မရှိအပြစ်ရှာပြီး ကဲ့ရဲ့ပြောဆိုတာတွေ၊ တစ်ဖက်လူကိုနစ်နာစေပြီး စိတ်ထိခိုက်အောင် စကားလုံးနဲ့နှိပ်စက်တာတွေကလည်း တွေ့ကြုံရများလာပါတယ်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စာနာနားလည်ပေးမှုတွေ၊ အကြင်နာတရားတွေကလည်း အရင်ကနဲ့စာရင် နည်းသထက်နည်းလာတာကို ကျွန်မတို့တတွေ တွေ့ရှိလာရပါတယ်။ ဥပမာအနေနဲ့ဖော်ပြရမယ်ဆိုရင် ကျွန်မတို့ အခုလက်ရှိကြုံတွေ့နေရတဲ့ စစ်အာဏာရှင်စနစ်ပါ။ မတရားအကြမ်းဖက်ခံရတာ၊ မတရားသတ်ဖြတ်ခံရတာ၊ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို မတရားလုယူတာ၊ အကြောင်းအရင်းမရှိ နေအိမ်တွေကိုမီးရှို့တာ စတဲ့လုပ်ရပ်တွေက […]

ရာဇဝင်တွေသာ ဒီလောက်လှခဲ့ရင်

Dawei Watch

August 8, 2026

(၁) ရာဇဝင်တွေသာဒီလောက်လှခဲ့ရင်ကျောင်းသားတယောက် ကျောင်းပျက်ခဲ့မှာမဟုတ်ဘူး၊ခေတ်စနစ်ပျက်တွေရဲ့ ခါးသီးမှုဒဏ်ကိုရှိုက်ရင်းအချို့သောဒဏ်ရာတွေဟာသမိုင်းကပေးတဲ့ တာဝန်တွေဖြစ်လာတယ်။စစ်ပွဲတွေဟာ ငါတို့ရဲ့ အသက်တွေပေးဆပ်ရမှန်းသိခဲ့ရင်ငယ်ငယ်က ကျိုက်ထီးရိုးသေနတ်တလက်နဲ့ငါကစားမိခဲ့မှာမဟုတ်ဘူး၊သီတင်းကျွတ်တိုင်း ငါဗြောက်အိုးဖောက်မိမှာမဟုတ်ဘူး၊စစ်ပွဲတပွဲကို ပြီးမြောက်ချင်ရင်တဖက်ဖက်တော့ငါရပ်တည်ရမှာပဲ၊တရားသောစစ်အတွက် ဓမ္မပေါ်မှာရပ်တည်ရင်းငါချစ်တဲ့သူတွေနဲ့ ကွေကွင်းခဲ့ရတယ်။ (၂) နှုတ်ဆက်ခဲ့ရတဲ့ သက္ကရာဇ်အမြောက်အများကိုရွှေမိုး ငါ့ရဲ့သူငယ်ချင်းလေးမင်းကတော့ကဗျာဆရာဖြစ်လို့မဆုံဖြစ်တာ ဆယ်စုနှစ်တခုရှိတော့မယ်၊အေးစက်စက်မျက်နှာကို ပြုံးပြရင်းဟို…စဉ် ဒလကမ်းနားက ငယ်ဘဝကိုပြန်သတိရမိသား၊ပညာတွေ တသီတတန်းသင်ပြီးငါ့မြို့လေးအပေါ် တာဝန်မကျေမိတာခွင့်လွှတ်ပါကွာ၊ကြယ်တွေစုံတဲ့အခါတမိုးအောက်က ပုလင်းလေးနှစ်လုံးကိုသတိရမိတယ်။ (၃) မေမေချစ်တဲ့သားကြီး ခုတော့ထောင်ထဲမှာပေါ့ ဖေဖေတိတ်ဆိတ်တဲ့သစ်သီးတလုံးလို တွေးခေါ်ချင်ခဲ့တာအရည်အချင်းဆိုလို့ ပိုက်ဆံမရှိတာတခုပဲရှိတယ်၊အာဇာနည်လမ်းမကြီးကို ကိုယ့်အမေလင်ပိုင်တဲ့ လမ်းမကြီးလို့ထင်ပြီးထင်တိုင်းကြဲကြသူများ ဆက်ဆံရေးရိုးရှင်းတယ်၊လျှောက်တွေးတိုင်းသာ ကဗျာဖြစ်ခဲ့ရင်အနုပညာရဲ့ဒဿနတွေလည်း ကျဆင်းသွားလိမ့်မယ်။ (၄) ကိုယ်ချစ်တဲ့သူတွေပျော်ပါစေ၊ဆုတွေတောင်းမိတိုင်း မင်းကိုအရမ်းသတိရတယ် ညီမလေးရာဇဝင်တွေသာဒီလောက်လှခဲ့ရင်ငါတို့မောင်နှမနှစ်ယောက် ခွဲခွါရလိမ့်မှာမဟုတ်ဘူး၊ကြယ်တွေ အတူရေတွက်မိတဲ့အချိန်ကို ငါလွမ်းတယ်စာအုပ်တွေ အတူဖတ်တဲ့အချိန်ကို ငါလွမ်းတယ်ညီမလေးအိမ်ပြန်လမ်းကို ငါလွမ်းတယ်ဒို့မောင်နှမတွေမခွဲဘူးဆိုတဲ့စကားကို ငါလွမ်းတယ်၊ကတိမတည်တာ ခွင့်လွတ်ပါညီမလေးနင့်အကိုက စစ်ပွဲတွေရဲ့အနာဂတ်မှာတထောင့်တနေရာ ပါဝင်ချင်သေးတယ်။ (၅) ဦးထုပ်တစ်လုံးဟာ ကွန်မြူနစ်ဝါဒီဖြစ်ခဲ့ရင်၂၀၁၆ သက္ကရာဇ်များမှာ ကြယ်နီတစ်လုံး လွှမ်းမိုးခဲ့တယ်၊သူမနဲ့ဆုံတော့ ဒီကြယ်နီဦးထုပ်နဲ့ပေါ့အိုရှိုးဝါဒီတွေရဲ့ […]

လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာရဲ့ သက်သေ

Dawei Watch

August 4, 2026

ကျွန်မတို့Grade-10ကျောင်းသားတွေရဲ့ အရွယ်ဟာ စာသင်ခန်းထဲမှာ သူငယ်ချင်းတွေနဲ့အတူ ရယ်မောနေရမယ့်အရွယ်၊ ဆရာမရဲ့သင်ပုန်းပေါ်က စာ၊ကဗျာတွေကိုလိုက်ဆိုနေရမယ့်အရွယ်၊ အနာဂတ်အိမ်မက်တွေကို စာရွက်ဖြူဖြူလေးတွေမှာ ပုံဖော်ရမယ့်အရွယ်ပါ။ နံနက်ခင်းတစ်ခုရဲ့ လန်းဆန်းတဲ့လေပြည်လေညင်းတွေ တိုက်ခတ်လာတိုင်း လမ်းမထက်မှာ အိမ်ထဲကနေ ကြည့်လိုက်ချိန် အဖြူအစိမ်းယူနီဖောင်းလေးတွေ ဝတ်ဆင်ပြီး ရယ်မောပျော်ရွှင်စွာ ကျောင်းတက်နေကြတဲ့ ကလေးငယ်တွေ၊ သူငယ်ချင်းတွေကို လှမ်းမြင်ရတိုင်း ရင်ထဲမှာ ဆို့နင့်တက်လာတဲ့ ခံစားချက်တစ်ခုက အမြဲတမ်း နေရာယူထားတတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပျက်မှုမှာ စစ်မီးလျှံတွေ၊ နိုင်ငံရေးမုန်တိုင်းတွေကြားမှာ ကျွန်မတို့ရဲ့ အဖိုးတန်ကျောင်းသားဘဝက လွင့်စင်သွားခဲ့ရပါပြီ။”အဖြူအစိမ်းဝတ်ခွင့်တိမ်းပြီး၊စာအုပ်စာပေလက်ကဝေးလို့ စစ်မီးလျှံကြား တို့ဘဝများ” ဆိုသလိုပဲ ‘ကျောင်းသား’ ဆိုတဲ့ နာမည်သာရှိပြီး အဖြူနဲ့အစိမ်း ဝတ်စုံလေးကို ဂုဏ်ယူစွာ ဝတ်ခွင့်မရတော့ဘူး။ စာသင်ခန်းရဲ့ ခေါင်းလောင်းသံအစား၊ သေနတ်သံတွေ၊ ဗုံးသံတွေကို ရင်တထိတ်ထိတ်နဲ့ နားစွင့်နေရတဲ့ ဘဝက တကယ့်ကိုခါးသီးလှပါတယ်။ အခုဆိုရင် ကျောင်းတော်ကြီးဆီ […]

အာဏာရူးကပ်

Dawei Watch

August 1, 2026

ဒီကာလကြီးမှာ အမေ့ကို လွမ်းတဲ့အခါ ကျနော် ကဗျာချရေးတယ်။ အာဏာရူးကပ်ဆိုးကြီးက မိသားစုတွေကို မဆုံနိုင်အောင် ဝေးစေတာပဲ။ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ချစ်သူတို့နဲ့ ကွေးကွင်း နေရတာကဒုက္ခမဟုတ်လား။ တဖက်မှာလည်း အာဏာရူးတွေ မင်းမူနေတဲ့အကာလမှာ နေနေရခြင်း ကလည်း အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော ဆိုသလိုပါပဲ။ ကျနော့်ကဗျာဟာ အာဏာရူးကပ်ကြီးရဲ့ ရောဂါလက္ခဏာအချို့ကို ထင်ဟပ်လေမလားပဲ။ သေချာတာကတော့ ဒုက္ခတွေကို စကားလုံးအဖြစ် ဖွင့်အန် ကဗျာဟန်ချရေးတယ်ဆိုရင်ပဲ ကျနော့်မှာ အာဏာရူးရောဂါတိုက်ဖျက်ဖို့ ခွန်အားရတာပါပဲ။ အမေ့ကို လွမ်းကြတဲ့ သားတွေ၊ သားတွေကို အောက်မေ့ သတိရ စိတ်ပူကြတဲ့ မိခင်တွေ၊ ဒီကာလကြီးထဲ တကွဲတပြားဖြစ်ကြရတဲ့ သူတွေ အမြန်ဆုံး အလွမ်းတွေပျောက်လို့ ပြန်ဆုံချိန်ရောက် အိမ်တွေကို ဆိုက်ရောက်ကြပါစေ..။ အာဏာရူးကပ်ဒီကာလကြီးထဲ….သားနဲ့ အမေဟာတံတားတဖက်စီမှာလိုပဲသံယောဇဉ်တံတား ခိုင်မြဲစွာထိုးထားပေတဲ့ချောင်းခြား၊ […]

ဖူးစာလမ်းကြုံ ပုသိမ်-မုံရွာ လမ်းဆုံ‎

Dawei Watch

July 18, 2026

‎သည်တစ်ခေါက်တော့ ဖူးစာအကြောင်း ပြောကြရအောင်ပါ။ သူ့ပုံစံက ဟိတ်ဟန်မရှိ ဝတ်စားနေထိုင်ပုံ၊ လူအထင်ကြီးမခံ၊ အလုပ်ကို သမာအာဇီဝကျကျဖြစ် လုပ်ကိုင်သူ။ ဆုံတော့လည်း တကယ့် လမ်းဆုံမှာ။ ပုသိမ်မုံရွာ လမ်းဆုံသည် ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ ပဲခူးတိုင်းအစွန်နှင့် ရခိုင်ရိုးမနယ်စပ် လမ်းဆုံကနေ အထက်ဘက် မုံရွာ အောက်ဘက် ပုသိမ်၊ အရှေ့ဘက် ပဲခူး၊ အနောက်ဘက် ရခိုင် လမ်းပန်းဆက်သွယ်ရေးအချက်အချာ နေရာဒေသတစ်ခုအဖြစ်တည်ရှိနေခြင်းဖြစ်သည်။ ကဲ . . . အဲဒီမှာ တောင်ပိုင်းသားနှင့် တွေ့လေသည်။ မြန်မာပြည်တောင်ပိုင်း ၆ မျဉ်းစောင်းသားနှင့် ၇ မျဉ်းစောင်းမြေလတ်သူတို့၏ အချစ်ဇာတ်လမ်းရေစက် ဆုံခဲ့ရခြင်း။ ‎ထိုအချိန်က အစိုးရ အရာရှိ ဦးလေးဖြစ်သူက ငယ်စဉ်ကတည်းကပညာသင်ပေးပြီးလက်တွဲခေါ်ယူကာ မြန်မာပြည်အထက်အောက် အလည်မကျန် […]

သတင်းက သမင်ကို သတိပေးတာလား၊ မုဆိုးကို လမ်းပြနေတာလား

Dawei Watch

July 17, 2026

သမင်တစ်ကောင်ကို မုဆိုးတစ်ယောက်က မြားနဲ့ပစ်ဖမ်းလိုက်တယ်။ ဒီသတင်းဟာ သမင်တွေကြားမှာရော၊ ဟိုးလေးတကျော် ပျံ့နှံ့သွားတယ်။ သတင်းရေးသားသူဟာ ဖြစ်စဉ်ကို ပီပီပြင်ပြင် ဖော်ပြထားတော့ စိတ်ဝင်စားဖို့ကောင်းနေတယ်။ မုဆိုးက ဘယ်နေရာမှာ ပုန်းတယ်၊ ဘယ်လို အသက်ရှူတယ်၊ မြားက ဘယ်လို ထိသွားတယ်ဆိုတာအထိ အသေးစိတ် ဖော်ပြထားတယ်။ အဲဒီသတင်းကို သမင်တွေကလည်း ဖတ်မယ်။ မုဆိုးတွေကလည်း ဖတ်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲ။ ဆက်တွေးကြည့်ရအောင်ပါ။ ကျွန်တော်တို့ ကလေးတုန်းက မှုခင်းစာစောင်တွေ ရောင်းကောင်းခဲ့ကြတယ်။ မုဒိမ်းသတင်းတွေ၊ လူသတ်သတင်းတွေလည်း မကြာမကြာ တွေ့ရတယ်။ စိတ်မကောင်းစရာက အဲဒီအမှုအခင်းတွေဟာ လျော့နည်းသွားတာမျိုး၊ ပပျောက်သွားတာမျိုးမရှိဘဲ ပိုဆိုးလာတယ်လို့တောင် ထင်ရတာပါပဲ။ အသက်အရွယ်အစုံ မုဒိမ်းမှုတွေ၊ ကြမ်းကြုပ်လွန်းတဲ့ လူသတ်မှုတွေ။ ဆို့နင့်ဖွယ်ကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ။ ဒါတွေဘာကြောင့်ဖြစ်လဲ။ အကြောင်းတွေ ရှာကြည့်ရင်တော့ အများကြီးရှိနေမှာပါပဲ။ အစိုးရတွေရဲ့ […]

သက်ရှိဇာတ်ကောင်

Dawei Watch

July 12, 2026

“အဝေးရောက်ညီငယ် အခြေအနေ ဘယ်လိုလဲအ‌ဆင်ပြေစပြုပြီလား စိတ်ပျက်နေပြီလားပြန်လာမှာလား နေမှာလား သူစိမ်းတွေရဲ့ကြားရေမြေခြားမှာ အစ်ကိုတွေမေ့ပြီလား” အခုရက်ပိုင်းမှာ သီချင်းလေးတွေ ခဏခဏ နားထောင်ဖြစ်နေတယ်။ အဝေးရောက်ညီငယ်၊ တောင်တန်းတွေရဲ့အခြားတစ်မျက်နှာ၊ စာခြောက်ရုပ်၊ ခတ္တာ၊ ရိုးရိုးလေး၊ ခွန်အားဖြည့်မိငယ်၊ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ၊ ကြိုးကြာသံ၊ ဆယ်လ်မွန်ငါးတို့အပြန် စသည်ဖြင့်ပေါ့။ အချို့ သီချင်းတွေကိုတော့ သံတိုင်တွေနောက်မရောက်ခင် လွတ်လပ်နေစဉ်ကတည်းက နားထောင်ဖြစ်ပြီး ရင်းနှီးနေပေမဲ့ အချို့ကိုတော့ သံတိုင်တွေနောက်ရောက်သွားမှ မြင်ဖူး၊ ဖတ်ဖူးတာပါ။ ဒီနှစ် ဇွန်လရဲ့မိုးရေစက်တွေနဲ့ အတူတူ ဇွန်မိုးဆိုတဲ့ အသက် နှစ်ဆယ်ဝန်းကျင် ကောင်လေးတစ်ယောက်နဲ့ ဒုတိယအကြိမ် ပြန်တွေ့ဆုံခွင့်ရခဲ့တယ်။ ပထမအကြိမ် သူနဲ့ဆုံတဲ့အချိန်ကို သေချာမမှတ်မိပေမဲ့ သူ့နည်းတူ ကျ‌နော်လည်း သံတိုင်တွေနောက်မှာတော့ ရှိနေခဲ့ပါတယ်။ အဝေးရောက်ညီငယ်နဲ့ တောင်တန်းတွေရဲ့ အခြားတစ်မျက်နှာသီချင်းရဲ့ စာသားတွေကို ဝ‌တ္ထုစာအုပ်ထဲမှာ ဖတ်ရကတည်းက ကျနော် စိတ်ဝင်စားနေခဲ့တာ။ […]

ဂီတအတန်းထဲက ခုံပေါ်မှာ မျက်ရည်တွေနဲ့

Dawei Watch

July 10, 2026

မီးအိမ် အခြေခံပညာကျောင်းတစ်ကျောင်းရဲ့ တနင်္ဂနွေနေ့ အပတ်စဥ် ဂီတအတန်းကို ဝင်ကြည့်ဖြစ်ခဲ့တယ်။ ဂီတဆရာက မိဘမေတ္တာနဲ့ ပတ်သက်တဲ့ သီချင်းတစ်ပုဒ်ကို အတီး အမှုတ် သင်ကြားပေးနေတယ်။ ကျောင်းသူကျောင်းသားတွေက ပုလွေကိုယ်စီနဲ့ ဂီတ Note တွေကို လိုက်မှတ်နေကြတယ်။ ဂီတဆရာ ဘကြီးစိုးတစ်ယောက် ” အမြင့်ဆုံး မိုးသား ကောင်းကင်ကြီး…လို၊ အဆုံးအစ မရှိပါကွယ်၊ အဖေ အမေ့ နွေးထွေးမှုနဲ့ မေတ္တာ…. ကျေးဇူးတရားကို အမြဲမမေ့တယ်…” ဆိုတဲ့အပိုဒ်ကို သံစဉ်အနိမ့်အမြင့် အတက်အကျမှန်စွာ ဆိုပြပြီး သီချင်းစာသားရဲ့ အတိမ်အနက်ကို စာသင်ခန်းပြင်ပက မိဘရင်ခွင်ဆီ ခေါ်ဆောင်သွားပြီး ရှင်းပြနေရှာတယ်။ ပြီးတော့ ဂီတဆရာက ဟုတ်ပြီ… ဒါဆို သီချင်းကို ပုလွေနဲ့ သံစဥ်စည်းချက်တွေအတိုင်း လိုက်မှုတ်ကြည့်မယ်လို့ ပြောလိုက်တဲ့အခါ ကလေးတွေဆီက “ဆို လာ […]