ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

ကော့သောင်း – ရန်ကုန် လေယာဉ်လက်မှတ်ဈေး ကျပ်နှစ်သိန်းနီးပါး ခုန်တက်

Dawei Watch

September 17, 2025

ကော့သောင်း-ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်လျှင် ကျပ်နှစ်သိန်းနီးပါး ခုန်တက်သွားကြောင်း ခရီးသွားအချို့နှင့် လေယာဉ်လက်မှတ် အရောင်းဌာနအချို့ထံမှ သိရသည်။ ကော့သောင်းမှ ရန်ကုန်သို့ ကုန်းလမ်းမှသွားရာတွင် အသုံးပြုနေသည့် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ စစ်‌ရေးတင်းမာနေပြီး မကြာခဏတိုက်ပွဲဖြစ်ပွားနေသည့်အတွက် လမ်းပိတ်ဆို့မှုများကြောင့် ခရီးသည်အချို့က လေကြောင်းကို ပိုမိုအသုံးပြုသွားလာနေကြရသည်။ ထိုကြောင့် လေယာဉ်လက်မှတ်ဈေးလည်း မြင့်တက်လာပြီး စက်တင်ဘာလ ဒုတိယအပတ်မှစကာ ခရီးသည်တစ်ဦးလျှင် ကျပ်ငါးသိန်းခွဲဝန်းကျင်မှ ခုနစ်သိန်းခွဲဝန်းကျင်အထိ မြင့်တက်သွားကြောင်း တနင်္သာရီတိုင်းအတွင်းရှိ လေယာဉ်လက်မှတ်အရောင်းဌာန ဝန်ထမ်းတစ်ဦးက ဆိုသည်။ “ကားလမ်းတွေဆက်တိုက် ရက်ရှည်ပိတ်တော့ လက်မှတ်ဈေးနူန်းတွေကလည်း တက်လာတယ်။ ထပ်တက်ဖို့ရှိမရှိတော့ မသိဘူး” ဟု ၎င်းက ပြောသည်။ ကော့သောင်း-ရန်ကုန်လမ်းရှိ မြိတ်-ကော့သောင်းလမ်းပိုင်းတစ်လျှောက်တွင် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များကလည်း ယခင်ထက် အစစ်အဆေးပိုမိုတင်းကျပ်လာပြီး ဂိတ်ကြေးလည်းပိုမိုပေးဆောင်နေရကြောင်း ရန်ကုန်သို့ ခရီးသွားလေ့ရှိသည့် ကော့သောင်းမြို့ခံတစ်ဦးက […]

ကော့သောင်းတွင် စစ်အာဏာရှင်တပ်ဖွဲ့ လှေဖြင့်လာစဉ် တိုက်ခိုက်၊ လှေနစ်မြုပ်၍ တပ်သားများ သေဆုံး

Dawei Watch

September 16, 2025

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့သို့ လှေဖြင့်လာသည့် စစ်အာဏာရှင်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင် တပ်သားများ စီးလာသည့် လှေတစ်စင်းနစ်မြုပ်သွားကာ သေဆုံးမှုရှိကြောင်း ကော့သောင်းခရိုင်ပကဖ၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား တစ်ရာခန့်သည့် စက်တင်ဘာလ ၉ရက် နံနက်တွင် ခမောက်ကြီးမြို့၊ ခမောက်ငယ် ကျေးရွာအပိုင်ရှိ ယုဇန ဆီအုန်းပျိုးခင်းသို့ ရောက်ရှိလာကြောင်း ကော့သောင်းခရိုင်ပကဖ၏ ယနေ့ စက်တင်ဘာလ ၁၆ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့နောက် နေ့လယ် ၁၂နာရီခွဲခန့်တွင် စစ်အာဏာရှင်တပ်သား အင်အား ၃၀ ဝန်းကျင်က ခမောက်ငယ်ရွာသို့ လှေနှစ်စီးဖြင့် စစ်ကြောင်းထိုးလာကြောင်း ဖော်ပြသည်။ ယင်းသို့ စစ်ကြောင်းထိုးလာစဉ် ခမောက်ငယ်ကျေးရွာအနီးတွင် ကော့သောင်းခရိုင်တော်လှန်ရေးအင်အားစုများက စောင့်ကြိုတိုက်ခိုက်ကြရာ လှေတစ်စီးနစ်မြုပ်သွားကြောင်း ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ တစ်နာရီခန့်ကြာမြင့်သည့် အဆိုပါတိုက်ပွဲအတွင်း […]

ကော့သောင်းတွင် မြေစာပုံပြိုကျ၊ အမျိုးသားနှစ်ဦးသေဆုံး

Dawei Watch

September 15, 2025

ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်ရှိ ဘဝါကျွန်းတွင် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြေစာပုံပြိုကျမှုဖြစ်ပြီးအမျိုးသားနှစ်ဦး မြေပိသေဆုံးခဲ့ကြောင့် ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှသိရသည်။ စက်တင်ဘာလ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ဘဝါကျွန်းအတွင်းရှိ ရွှေပြည်သာအမှိုက်ကန်ဟောင်း နေရာ၌ အဆောက်အအုံဆောင်ရန် အလုပ်သမားများ အလုပ်လုပ်နေချိန် ပန္နက်တွင်းအပေါ် မြေကြီးပြိုကျပြီး အမျိုးသားနှစ်ဦး ပိတ်မိသေဆုံးခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ” အနက် ၆ ပေလောက်ရှိတဲ့ တွင်းထဲမှာ မြေပိနေတာ အလုပ်သမားနှစ်ယောက် နှစ်ယောက်စလုံး ဆုံးသွားတယ်”ဟု ယင်းတာဝန်ရှိသူကပြောသည်။ သေဆုံးသူအမျိုးသားနှစ်ဦး မှာကော့သောင်းမြို့တွင်နေထိုင်ကြသည့် အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက်၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် မြို့ခံများက‌ ပြောသည်။ ၎င်းတို့၏ရုပ်အလောင်းနှစ်လောင်းကို ကော့သောင်းမြို့ရှိ ၂ […]

ကော့သောင်း တည်းခိုခန်းတစ်ခုတွင် အမျိုးသားအလောင်းတွေ့၊ သံသယရှိသူနှစ်ဦးကိုဖမ်းဆီး

Dawei Watch

September 3, 2025

ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက အသက် ၄၀ ဝန်းကျင် အရွယ် အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိရကြောင်း လူမှုကူညီရေးအသင်းနှင့် မြို့ခံများထံမှ သိရသည်။ သေဆုံးသူအမျိုးသားသည် လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာအုပ်စု ဇာတိဖြစ်ပြီး လွန်ခဲ့သည့် ၁၀နှစ်ကျော် ကတည်းက ကော့သောင်းမြို့ ၊ အေးချမ်းသာရွာတွင် ရွှေ့ပြောင်းနေထိုင်သူ ဦးအောင်ဇော်ထွန်းဖြစ်ကြောင်း ၎င်းနှင့် ဆွေမျိုးနီးစပ်သူများ၊ မိတ်ဆွေများက ပြောသည်။ ကိုအောင်ဇော်ထွန်းသည် ယခင်က ကျောင်းဆရာဖြစ်ပြီး စစ်အာဏာသိမ်းကာလ၎င်း CDM လှုပ်ရှားမှုတွင် ပါဝင်သဖြင့် အလုပ်ရပ်နားခံရသည့်နောက်ပိုင်း မင်္ဂလာပွဲအစီအစဥ် ဝန်ဆောင်မှုလုပ်ငန်းနှင့် ဓာတ်ပုံ၊ ဖိတ်စာလုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ကိုအောင်ဇော်ထွန်းသည် မနက်စာ လာမစားသဖြင့် တည်ခိုခန်းတာဝန်ရှိသူက အခန်းတံခါးခေါက်ပြီး သွားခေါ်ရာ တုံ့ပြန်မှု […]

ကော့သောင်းတွင် သတင်းပေးဆိုသူတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

August 8, 2025

ကော့သောင်းမြို့နယ်တွင် စစ်အာဏာရှင်တပ်ကို သတင်းပေးနေသည်ဆိုသည့် အမျိုးသားတစ်ဦးကို ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။ ဩဂုတ်လ ၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင် မလိဝမ်း‌တိုက်နယ် အောင်မေတ္တာကျေးရွာအုပ်စု ဆယ်အိမ်စု၌ နေထိုင်သည့် ကိုနေလင်းအောင် ခေါ် ကိုပုပ်ပုပ်သည် တော်လှန်ရေးအင်အားစုများရှိသည့်နေရာအနီးသို့ လာရောက်ထောက်လှမ်းနေချိန် တွေ့ရှိသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “အဲဒီလိုလုပ်နေတာ အကြိမ်မနည်းတော့ဘူး” ဟု ကော့သောင်းမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ကိုနေလင်းအောင်သည် လက်နက်ကိုင်ဆောင်သူဖြစ်သော်လည်း ပျူစောထီး မဟုတ်ဘဲ သတင်းပေးသာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ကိုနေလင်းအောင်သည် မူးယစ်ဆေးဝါးဖြန့်ဖြူရောင်းချခြင်း၊ လက်နက်ကိုင်ဆောင်ထားခြင်းနှင့် တော်လှန်ရေး အင်းအားစု များကို သတင်းထောက်လှမ်းကာ စစ်အာဏာရှင်တပ်ထံ သတင်းပေးပို့ခြင်းတို့ကြောင့် ဖမ်းဆီးပြီး အကြိမ်ကြိမ် သတိပေးကာ […]

ကော့သောင်းတွင် WY စိတ်ကြွဆေး စျေးပေါပြီး ဝယ်ရလွယ်လာဟုဆို

Dawei Watch

July 28, 2025

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းခရိုင်တွင် WY စိတ်ကြွဆေး စျေးပေါပြီး ဝယ်ရလွယ်ကူလာကြောင်း ဒေသခံများထံမှ သိရသည်။ အာဏာမသိမ်းမီက ကော့သောင်းခရိုင်တွင် WY စိတ်ကြွဆေးတစ်ပြားလျှင် ထိုင်းငွေဘတ် ၁၀၀ ဝန်းကျင် ပေါက်ဈေး ရှိရာက လက်ရှိတွင် ဘတ် ၁၀ သာ ဈေးရှိတော့ကြောင်း ၎င်းတို့က ပြောသည်။ ထိုသို့ ဈေးပေါလာသည့်အပြင် အလွယ်တကူ ဝယ်ယူရရှိနေသည့်အတွက် သုံးစွဲသူလည်း များလာကြောင်း ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ခံတစ်ဦးက ဆိုသည်။ “ကျောင်းသားကအစ အကုန်သုံးတတ်နေပြီ။ ဝယ်ရတာလည်း လွယ်တာကိုး” ဟု ၎င်းက ပြောဆိုသည်။ ထိုသို့ WY စိတ်ကြွေဆေးသုံးစွဲရောင်းချမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေသော်လည်း စစ်ကောင်စီက ထိထိရောက်ရောက် ဖမ်းဆီးခြင်း မရှိကြောင်း ကော့သောင်းမြို့ခံတစ်ဦးက ဆိုသည်။ “သူတို့ဝင်ဖမ်းရင်လည်း ရှူ (သုံး) နေတဲ့ ကလေးတွေကို […]

ကော့သောင်း ဆီအုန်းခြံက လုပ်သားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

Dawei Watch

July 21, 2025

ကော့သောင်းမြို့နယ်၊ ဖော့သုတ်ကျေးရွာရှိ ဆီအုန်းခြံအနီးတွင် ဇူလိုင်လ ၁၈ရက် နံနက်က ဆီအုန်းခြံအလုပ်သမားနှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဖော့သုတ်ကျေးရွာရှိ ယုဇနဆီအုန်းကုမ္ပဏီ စိုက်ခင်းတွင် အလုပ်နေသည့် အသက် ၄၀ နှစ်အရွယ် စိုက်ခင်းတာဝန်ခံ ဦးထွန်းထွန်းအောင်နှင့် အသက် ၆၈ နှစ်အရွယ် စိုက်ခင်းအလုပ်သမား ဦးမှတ်ကြီးတို့ ဦးခေါင်းနှင့် ရင်ဘတ်တွင် သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဒေသခံအချို့က ပြောသည်။ “ညကတည်း (ဇူလိုင် ၁၇ရက်ည) ကတည်းက ပစ်သတ်ထားခဲ့တယ် ထင်တယ်။ ဆီအုန်းခြံက ရွာနဲ့လှမ်းတော့ ဘယ်လို ဘယ်ပုံလည်း ဆိုတာတော့ သေချာမသိကြဘူး။ သေနတ်သံ သုံးလေးချက်တော့ ကြားလိုက်တယ်” ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။ ၎င်းတို့နှစ်ဦးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးကြောင်း […]

ကော့သောင်းတွင် မိုးသက်လေပြင်းကျပြီး နေအိမ်များ ထိခိုက်ပျက်စီး

Dawei Watch

July 20, 2025

ကော့သောင်းမြို့တွင် မိုးသက်လေပြင်းကျပြီး နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးကြောင်း မြို့ခံများနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည် ။ ဇူလိုင်လ ၁၉ ရက်ညပိုင်းနှင့် ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းတို့တွင် မိုးသက်လေပြင်းကြောင့် အေးရိပ်ငြိမ်၊ အဏ္ဏဝါ၊ ရွှေဇင်ယော်နှင့် အေးမြကန်သာရပ်ကွက်တို့တွင် သစ်ပင်ကျိုးကျခြင်း၊ ဓာတ်တိုင်ကျိုးခြင်း၊ နေအိမ်ပြိုကျခြင်းနှင့် နေအိမ် ခေါင်မိုးများ ပြုတ်ထွက်ခြင်းတို့ဖြစ်ပွားကြောင်း ကော့သောင်းမြို့ခံ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည် ။ အဆိုပါနေရာများကို ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ “လေရော မိုးရော နည်းနည်းစီတိုက်နေတုန်းပဲ။ အကြမ်းဆုံးတိုက်တာက နှစ်ကြိမ်တိုက်တယ်။ မနေ့ညက ၁၂နာရီ ၄၅ မိနစ် ဝန်းကျင်တစ်ကြိမ် ၊ အခုမနက်က ၉နာရီနဲ့ ၁၂ နာရီကြားမှာ တစ်ကြိမ်၊ အားလုံး နှစ်ကြိမ်တိုက်ခဲ့တယ်” […]