ကော့သောင်းတွင် ငါးရက်အတွင်း ကြိုးဆွဲသေဆုံးသူ နှစ်ဦးရှိ
Dawei Watch
July 15, 2025ကော့သောင်းမြို့နယ်တွင် ဇူလိုင်လ ၁၁ ရက်နေမှ ၁၅ ရက် နေ့အထိ ငါးရက်အတွင်း ကြိုးဆွဲချသေဆုံးသူ နှစ်ဦးအထိရှိကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ကော့သောင်းနှင့် ကူညီ ဆောင်ရွက်ပေးသူ အချို့ထံမှသိရှိရသည်။ ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက်တွင် ယနေ့(ဇူလိုင် ၁၅) နံနက် စောစောပိုင်း၌ သက်ကြီးပိုင်း အမျိုးသားတစ်ဦး ကြိုဆွဲချသေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးသည့် မြို့ခံအချို့ကပြောသည်။ အဆိုပါ အမျိုးသားမှာ ဇူလိုင်လ ၁၄ ရက်နေ့က အရက်မူးပြီး ခြေချော်လဲခဲ့ရာမှ ဒဏ်ရာရရှိသည့်အတွက် မိသားစုဝင်များက ဆေးရုံတက်ရောက်ကုသစေခဲ့ရာ ဆေးရုံမှ ဆင်းလာပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ၎င်း၏နေအိမ်၌ ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း ကူညီ ဆောင်ရွက်ပေးသည့် မြို့ခံတစ်ဦးကပြောသည်။ “ကြိုးကပြတ်ကျပြီး လူကမြောင်းထဲမှသေဆုံး နေတာ” ဟု ယင်းမြိုခံကပြောသည်။ အဆိုပါ အမျိုးသား၏ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် ရွှေအဏ္ဏဝါပရဟိတအဖွဲ့မှ […]


