ကော့သောင်း NLD ပါတီ ဘဏ္ဍာရေးမှူး ထောင်ကလွတ်ပြီး လေးလကျော်အကြာတွင် ကွယ်လွန်
Dawei Watch
August 16, 2026အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကော့သောင်းမြို့နယ် ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆာင်ခဲ့သည့် ဦးယဉ်ထွေးသည် ထောင်ကလွတ်ပြီး လေးလကျော်အကြာတွင် ကွယ်လွန်သွားကြောင်း မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေများထံမှ သိရသည်။ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လတွင် ဦးယဉ်ထွေးကို စစ်အုပ်စုက ဖမ်းဆီးထောင်ချခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီလတွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့က ပြောသည်။ ထို့နောက် ဩဂုတ်လ ၁၄ ရက် ည ၉ နာရီခွဲတွင် ကော့သောင်းဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “ထောင်ကထွက်လာကတည်းက လေဖြတ်ပြီး ထွက်လာတာပါ။ ရုပ်ကလည်း တော်တော်ပြောင်းသွားတယ်။ တချို့လူ တွေဆို ကိုယဉ်ထွေး မှန်းတောင်မသိကြဘူး။ တော်တော်ပိန်သွားတယ်။ အရင်က ပြည့်ပြည့်ဖြိုးဖြိုးနဲ့ လူချော၊ လူခန့်ကြီးပါ။ အခုတော့ မမှတ်မိလောက်အောင် […]


