ကော့သောင်းတွင် သတင်းပေးဆိုသူတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
Dawei Watch
August 8, 2025ကော့သောင်းမြို့နယ်တွင် စစ်အာဏာရှင်တပ်ကို သတင်းပေးနေသည်ဆိုသည့် အမျိုးသားတစ်ဦးကို ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။ ဩဂုတ်လ ၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင် မလိဝမ်းတိုက်နယ် အောင်မေတ္တာကျေးရွာအုပ်စု ဆယ်အိမ်စု၌ နေထိုင်သည့် ကိုနေလင်းအောင် ခေါ် ကိုပုပ်ပုပ်သည် တော်လှန်ရေးအင်အားစုများရှိသည့်နေရာအနီးသို့ လာရောက်ထောက်လှမ်းနေချိန် တွေ့ရှိသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “အဲဒီလိုလုပ်နေတာ အကြိမ်မနည်းတော့ဘူး” ဟု ကော့သောင်းမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ကိုနေလင်းအောင်သည် လက်နက်ကိုင်ဆောင်သူဖြစ်သော်လည်း ပျူစောထီး မဟုတ်ဘဲ သတင်းပေးသာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ကိုနေလင်းအောင်သည် မူးယစ်ဆေးဝါးဖြန့်ဖြူရောင်းချခြင်း၊ လက်နက်ကိုင်ဆောင်ထားခြင်းနှင့် တော်လှန်ရေး အင်းအားစု များကို သတင်းထောက်လှမ်းကာ စစ်အာဏာရှင်တပ်ထံ သတင်းပေးပို့ခြင်းတို့ကြောင့် ဖမ်းဆီးပြီး အကြိမ်ကြိမ် သတိပေးကာ […]


