ကော့သောင်းတွင် ဆိုင်ကယ်ကယ်ရီဆွဲသည့် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ
Dawei Watch
June 28, 2025ကော့သောင်းမြို့ ၊ ၁၀မိုင် ကျေးရွာအုပ်စု၊ ချမ်းဖန်းရွာရှိ ဥယျာဉ်ခြံတစ်နေရာတွင် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း ကို တွေ့ရှိရကြောင်း ဒေသခံများနှင့် ပရဟိတအသင်းထံမှ သိရသည်။ ဥယျာဉ်ခြံ သွားသူတစ်ဦးမှ လဲကျသေဆုံးနေသည့် အမျိုးသား၏ ရုပ်အလောင်း ကိုတွေ့ရှိသဖြင့် ရွှေအဏ္ဏဝါ ပရဟိတအသင်းအား ဆက်သွယ်အကူအညီတောင်းခံရာ ရင်ခွဲစစ်ဆေးနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအသင်းကဆိုသည်။ “ကျွန်တော်တို့က ဒီနေ့နေ့လယ်ပိုင်းမှာ အလောင်းသွားသယ်ပြီး ဆေးရုံပို့ပေးခဲ့ပါတယ်။ အလောင်းမှာ ဒဏ်ရာများတယ်” ဟု ရွှေအဏ္ဏဝါ ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။ သေဆုံးသူသည် လွန်ခဲ့သည့် သုံးရက်ခန့်က ဆိုင်ကယ် ကယ်ရီဆွဲရင်း ပျောက်ဆုံးသွားသဖြင့် ရဲစခန်းတွင် လူပျောက်တိုင်ထားသည့် ကော့သောင်းမြို့ခံ အမျိုးသားဖြစ်သည်ဟု မြို့ခံများထံသိရသည်။ ရုပ်အလောင်း ပြန်တွေ့သည့်နေရာတွင် သေဆုံးသူနှင့် အတူ ပျောက်ဆုံးသွားသည့် […]


