Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမြို့နယ် သဲဖြူချောင်းဖျား စစ်ရှောင်စခန်း မီးရှို့ခံရပြီး နေအိမ်နှင့် စပါးတင်းရာချီ ဆုံးရှုံးသွားတဲ့သတင်း
- တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာ လက်နက်ကြီးကျည်ကျပြီး အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတဲ့အကြောင်း
- ထားဝယ်အထူးစီးပွားရေးဇုန်မှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေ
- ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရုရှားနဲ့ပေါင်းပြီး LNG စက်ရုံဆောက်မယ်လို့ စစ်အုပ်စုက ပြောဆိုခဲ့တာ
- သရက်ချောင်းမြို့နယ် ဥတ္တူရွာက နေအိမ်တစ်လုံး မီးရှို့ခံရပြီး ဒေသခံတွေ တိမ်းရှောင်နေရတဲ့ သတင်း
- ထားဝယ်ဈေးကွက်ကို ရေထွက်ကုန် အဝင်နည်းပြီး ဈေးတက်အကြောင်း
- ဘန်ကောက်အနီး ၁၈ ဘီးကားနဲ့ တိုက်မိပြီး မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန်ရသွားတဲ့ အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






