Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ခေါင်းရဲ့ ရုရှားခရီးစဉ်မှာ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ကမ်းလွန်ရေနံဓာတ်ငွေ့ကိစ္စ ဆွေးနွေးခဲ့တဲ့သတင်း
- တနင်္သာရီမြို့နယ် ကော်တောရွာဘက်ကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ
- သရက်ချောင်း ပဒတ်ချောင်းရွာမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့မှုတွေ ဖြစ်ခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေ
- ပုလောက ဇနီးမောင်နှံ မိုင်းနင်းမိလို့ ခင်ပွန်းသေဆုံးပြီး ဇနီးဒဏ်ရာရသွားတဲ့ အကြောင်း
- ထိန်းသိမ်းခံ ကရင်တိုင်းရင်းသားတွေကို နေရပ်ပြန်မပို့ဖို့ လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းတဲ့ သတင်း
- ထိုင်းမှာ PV ပတ်စ်ပို့ သက်တမ်းတိုးမယ်ဆိုရင် နေပြည်တော်ကို ခွင့်ပြုချက် တောင်းခံရမယ့် အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






