Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
· တနင်္သာရီတိုင်းထဲက မြို့ရွာတချို့မှာ ရေကြီးရေလျှံနေတဲ့ အခြေအနေ
· ကြေးနန်းတိုင်ဂိတ်နဲ့ ဇဝဲရွာဂိတ်မှာ စစ်အာဏာရှင်တပ်က အစစ်အဆေး တင်းကျပ်ထားတဲ့အကြောင်း
· ထားဝယ်မြို့မှာ နှစ်ရက်ဆက်တိုက် ဆိုင်ကယ် အခိုးခံရတဲ့ သတင်း
· ထားဝယ်မြစ်၀မှာ စပိဘုတ်တစ်စီး ရေဝင်ပြီး အရေးပေါ်ကမ်းကပ်လိုက်ရတဲ့ အခြေအနေ
· ထိုင်းမှာ ထိန်းသိမ်းထားတဲ့ ကရင် ၂၆ ဦးကို KNU ဆီ ပြန်ပို့လိုက်တဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






