မီးခိုးရောင် သေမိန့်
Dawei Watch
February 7, 2025ဒီနေ့ဟာ ချင်းမိုင်တက္ကသိုလ်အတွက် ကြေကွဲစရာနေ့တစ်နေ့။ ၂၀၂၃ ခုနှစ်ရဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ဟာ မိန်းမလှဆန်ဆန် လှပနေတတ်တဲ့ ‘ချင်းမိုင်’ဆိုတဲ့ ထိုင်းမြို့လေးကို နေရောင်ခြည်တွေနဲ့ ပစ်ပေါက်နေခဲ့ပါတယ်။ လန်နာဘုရင် နေပြည်တော်ဟောင်းအတွက် သာမန်နေ့တစ်နေ့လို့ ထင်စရာပါပဲ။ တကယ်တမ်းမှာတော့ တက္ကသိုလ်ကထိကတစ်ယောက်ရဲ့ ရုပ်အလောင်း၊ အရှေ့တောင်အာရှရဲ့ မီးခိုးရောင်ရန်သူအကြောင်းစတဲ့ ကြေကွဲချောက်ချားစရာတွေနဲ့ တပ်လှန့်လိုက်တဲ့နေ့လို့ဆိုရမှာပါ။ ချင်းမိုင်တက္ကသိုလ်က ဆေးဘက်ဆိုင်ရာကထိကဖြစ်သူ ‘ဒေါက်တာကရစ်ထိုင်းသန်နာဆွန်ဘတ်ခေါ်လ်’ ဟာ အဆုတ်ကင်ဆာနဲ့ အဲဒီနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကျန်းမာရေးလိုက်စားပြီး ရောင်းအားအကောင်းဆုံးစာရင်းဝင် ဘဝခွန်အားမြှင့်တင်နည်းစာအုပ်ကိုရေးသားထုတ်ဝေထားတဲ့ ဒေါက်တာကရစ်ထိုင်းဟာ သေဆုံးချိန်မှာ အသက် ၂၉ နှစ်ပဲ ရှိပါသေးတယ်။ သူရဲ့ သေဆုံးမှုဟာ ရာမဘုရင် ၆ လက်ထက်ကတည်းက ထိုင်းနိုင်ငံမှာ ရှိနေပြီဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတစ်ခုနဲ့ ဆက်စပ်နေတယ်လို့ ကျွမ်းကျင်သူတွေက သံသယရှိကြပါတယ်။ အဲဒါကတော့ လေထုညစ်ညမ်းမှုပါပဲ။ […]


