၂၀၂၆ ထိုင်းရွေးကောက်ပွဲနဲ့ လိမ္မော်ရောင်လှိုင်း
Dawei Watch
February 7, 2026ထိုင်းနိုင်ငံကို အပြောင်းအလဲလုပ်ချင်တဲ့ နိုင်ငံရေးပါတီတိုင်းအတွက် ရွေးကောက်ပွဲနိုင်တာနဲ့ အာဏာရတာဟာ လုံးဝတခြားစီပဲဆိုတာကို ခါးသီးတဲ့ အတွေ့အကြုံတွေက ပြထားပြီးသားပါ။ ထိုင်းဘုရင့်နိုင်ငံမှာ နိုင်ငံရေးသမားတွေ ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ဘုရင်စနစ်ရဲ့ အထွတ်အထိပ်အာဏာကို ဦးထိပ်ထား အလုပ်အကျွေး ပြုနေကြပါတယ်။ ဒီနိုင်ငံမှာ ကွန်ဆာဗေးတစ်ဝါဒီတွေကပဲ အစိုးရအာဏာကို ချုပ်ကိုင်ထားကြတယ်။ ကွန်ဆာဗေးတစ်ဝါဒီတွေဟာ ရွေးကောက်ပွဲတွေကို လုပ်ခွင့်ပေးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်နိုင်တယ်လို့ ယူဆတဲ့ ရွေးကောက်ပွဲအောင်ပန်းရှင်တွေကို ဖြုတ်ချဖို့ အာဏာသိမ်းပွဲ မဟုတ်ရင် အခြားသော နိုင်ငံရေးပရိယာယ်တွေကို ဖန်တီးလေ့ ရှိပါတယ်။ ဒါပေမဲ့ မနက်ဖြန် (ဖေဖော်ဝါရီ ၈) မှာကျင်းပမယ့် ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာတော့ အခြေအနေတွေ ထူးခြားလာနိုင်တယ်လို့ နက်တာဖွန် ရူအန်ပန်ယာဝပ်က ပြောပါတယ်။ သူက ဒီမိုကရေစီလိုလားတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ ပြည်သူ့ပါတီရဲ့ ခေါင်းဆောင်ပါ။ […]


