ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာဆောင်းပါး

ရုရှား-တရုတ် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ

Dawei Watch

May 25, 2026

ရုရှားသမ္မတဗလာဒီမီယာပူတင်ဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ဆွေးနွေးဖို့အတွက် အင်္ဂါနေ့ညနေပိုင်းမှာ တရုတ်နိုင်ငံကို နှစ်ရက်ကြာခရီးစဉ်အနေနဲ့ ရောက်ရှိလာခဲ့ပါတယ်။ စစ်ပွဲတွေ၊ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကမ္ဘာ့ချိန်ခွင်လျာ တစ်စထက်တစ်စ ပိုမိုပြိုကွဲလာနေချိန် မော်စကိုနဲ့ ဘေဂျင်းအကြား ပိုနီးကပ်လာနေချိန်မှာ ရောက်ရှိလာခဲ့တာပါ။ ဒီခရီးစဉ်ဟာ တစ်နှစ်မပြည့်ခင်အချိန်အတောအတွင်းမှာ ပူတင်နဲ့ ရှီကျင့်ဖျင်တို့ လူချင်းတွေ့ဆုံတဲ့ ဒုတိယမြောက် ဆွေးနွေးပွဲဖြစ်ပါတယ်။ ပြီးတော့ ၂၀၀၁ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ ရုရှား-တရုတ်ချစ်ကြည်ရေးနဲ့ အိမ်နီးချင်းကောင်းပီသမှုသဘောတူစာချုပ်ရဲ့ ၂၅ နှစ်ပြည့် နှစ်ပတ်လည်နေ့နဲ့လည်း ဒီခရီးစဉ်က တိုက်ဆိုင်နေပါတယ်။ အဲဒီစာချုပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့တဲ့ ဝါဒရေးရာအားပြိုင်မှုနဲ့ အပြန်အလှန်သံသယတွေကို အဆုံးသတ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို တရားဝင် ခိုင်မာစေခဲ့တဲ့ သဘောတူစာချုပ် ဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တရုတ်မြို့တော် ဘေဂျင်းကို နှစ်ရက်ကြာလာရောက်လို့ သမ္မတရှီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ပူတင်ရဲ့ ခရီးစဉ် […]

ဇရာထောင်းသော်လည်း စစ်ခရာသံ အားကောင်းလာသည့် အရှေ့အာရှ

Dawei Watch

May 23, 2026

အရှေ့အာရှ၏ လူဦးရေသည် မြန်မြန်ဆန်ဆန်ပင် အိုမင်းရင့်ရော်လာနေ၏။ သို့သော် ဤဒေသရှိ နိုင်ငံများကမူ အေးအေးလူလူ အနားယူသူများ သို့မဟုတ် ငြိမ်းချမ်းရေးဝါဒီများ ဖြစ်လာရမည့်အစား ၎င်းတို့၏ စစ်တပ်များကို ခေတ်မီအောင် အပြိုင်အဆိုင် အဆင့်မြှင့်နေကြသည်။ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့တွင် လူ့သက်တမ်းသည် ပိုရှည်လာကြသည်။ ကလေးမွေးဖွားနှုန်းမှာကား လူဦးရေအစားထိုးနိုင်သည့် ပမာဏထက် လျော့နည်းနေပြီ။ ဂျပန်နိုင်ငံတွင် ဆိုလျှင် ပျမ်းမျှ လူသုံးဦးလျှင် တစ်ဦးမှာ အသက် ၆၅ နှစ်နှင့်အထက် ဖြစ်ရာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သက်ကြီးရွယ်အိုပမာဏ အမြင့်ဆုံးအချိုးအစား ဖြစ်သည်။ တောင်ကိုရီးယားသည်လည်း ၂၀၂၄ ခုနှစ်တွင် ကလေးမွေးဖွားနှုန်း ကမ္ဘာ့အနိမ့်ဆုံး နိုင်ငံအဖြစ် စံချိန်တင်ခဲ့သည်။ မွေးနှုန်းမှာ ၀.၇၄ အထိ ကျဆင်းသွားခြင်း ဖြစ်သဖြင့် ထိုစဉ်က သမ္မတ ယွန်းဆွတ်ယိုးသည် […]

ထိုင်းရဲ့ အန္တရာယ်ကြီးတဲ့ မြန်မာ့အရေး မူဝါဒ

Dawei Watch

May 19, 2026

စီဘူးမြို့မှာ မေလ ၇ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ သတိထားချိန်ဆထိတွေ့ဆက်ဆံမှု လုပ်ဖို့ ထောက်ခံကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က အရိပ်အယောင်ပြခဲ့ကြပါတယ်။ မအောင်မြင်တဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေနဲ့ ငါးနှစ်တာကာလကြာပြီးနောက်မှာပါ။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း လက်ရှိသမ္မတမင်းအောင်လှိုင်ကို အဆင့်မြင့်အစည်းအဝေးတွေကနေ ဖယ်ကျဉ်ထားတဲ့ အာဆီယံရဲ့ မူဝါဒဟာ အကြမ်းဖက်မှုတွေကို မလျှော့ချနိုင်ခဲ့ပါဘူး။ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာစစ်တပ်က အကောင်အထည်ဖော်ဖို့လည်း ဖိအားမပေးနိုင်ခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံထဲက အကျပ်အတည်းဟာ နယ်စပ်ဖြတ်ကျော်ပြီး လျှံထွက်လာနေပါတယ်။ ဒုက္ခသည်အလုံးအရင်းနဲ့ စီးဝင်လာမှု ၊ မူးယစ်ဆေးဝါးကုန်ကူးမှု ၊ အွန်လိုင်းငွေလိမ်ကွန်ရက်တွေ ၊ လက်နက်မှောင်ခိုမှုတွေနဲ့ ပိုဆိုးရွားလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မတည်ငြိမ်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် လျှံထွက်လာနေပါတယ်။ ဒီနောက်ဆက်တွဲ ဆိုးကျိုးတွေကို ထိုင်းနိုင်ငံထက် ပိုပြီး တိုက်ရိုက်ခံစားနေရတဲ့ […]

လူမှုဝန်းကျင် အပေါ် သက်ရောက်မှု နှင့် စိန်ခေါ်မှုများ

Dawei Watch

May 16, 2026

တစ်ကျော့ပြန် ထိုင်းတောင်ပိုင်း မြေသားတံတား စီမံကိန်း (အပိုင်း ၂) လူမှုအသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု လန်းဘရစ်စီမံကိန်းနဲ့ ဆက်စပ်လို့ မဖြစ်မနေ ထည့်စဉ်းစားရမှာကတော့ သဘာဝပတ်ဝန်းကျင် အရေးပါပဲ။ ထိုင်းအစိုးရဟာ စီမံကိန်းဧရိယာမှာ သဘာဝပတ်ဝန်းကျင် အပေါ် သက်ရောက်မှုနဲ့ ပတ်သက်လို့ အသေးစိတ် လေ့လာမှုတွေ မလုပ်ရသေးပါဘူး။ စီမံကိန်းအတွက် အဆိုပြုထားတဲ့ အဆောက်အအုံတွေအတွက် မြေနေရာ အမြောက်အမြား ရှင်းလင်းရမှာဖြစ်လို့ သစ်တောပြုန်းတီးတာ၊ ဒီရေတောနဲ့ အမြဲစိမ်းတောတွေလို ထိရှလွယ်တဲ့ ဂေဟစနစ်တွေ ပျက်စီးတာမျိုး ဖြစ်လာနိုင်ပါတယ်။ စီမံကိန်းနေရာဟာ ရှားပါးငှက်မျိုးစိတ်တွေ အပါအဝင် မျိုးစုံလှတဲ့ သစ်ပင်ပန်းမန်တွေနဲ့ တိရစ္ဆာန်တွေ နေထိုင်ရာ ဒေသလည်း ဖြစ်ပါတယ်။ စက်မှုလုပ်ငန်းတွေ များလာတာ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ စွန့်ပစ်ပစ္စည်းတွေ များလာတာကြောင့် ရနောင်း ဇီဝနယ်မြေ ဘေးမဲ့တော […]

စီမံကိန်း လည်ပတ်ပုံနှင့် ဘဏ္ဍာရေး အလားအလာ

Dawei Watch

May 16, 2026

တစ်ကျော့ပြန် ထိုင်းတောင်ပိုင်း မြေသားတံတား စီမံကိန်း (အပိုင်း ၁) ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်ပေးနိုင်မယ်လို့ အမွှမ်းတင် ကြွေးကြော်ထားတဲ့ လန်းဘရစ်စီမံကိန်းဟာ ဧရာမ အိပ်မက်ကြီးတစ်ခု ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ထိုင်းအစိုးရ သုံးဆက်တိုင်တိုင် ဒီစီမံကိန်းကို ရပ်ဆိုင်းထားခဲ့ကြပါတယ်။ အခုတော့ အီရန်အရေးကြောင့် ဟော်မုဇ်ရေလက်ကြားမှာ ကုန်သွယ်ရေးပြတ်တောက်မှုတွေ ဖြစ်လာပြီးတဲ့နောက် ဒီစီမံကိန်းဟာ စီးပွားရေးအခွင့်အလမ်းကြီး ဖြစ်လာမယ်လို့ ယုံကြည်နေတဲ့ ဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူရဲ့ ဦးဆောင်မှုအောက်မှာ တစ်ကျော့ပြန် အသက်ဝင်လာပါပြီ။ မြန်မာလို မြေသားမြေတံတားလို့ အဓိပ္ပာယ်ရနိုင်တဲ့ လန်းဘရစ် (Land Bridge) စီမံကိန်းဟာ ထိုင်း အနောက်ဘက် အန်ဒမန်ပင်လယ်ကို နိုင်ငံထဲက ဖြတ်ပြီး အရှေ့ဘက်မှာရှိတဲ့ ထိုင်းပင်လယ်ကွေ့နဲ့ ဆက်သွယ်ပေးမှာပါ။ ဒီစီမံကိန်းအလားအလာကို ဒုတိယဝန်ကြီးချုပ် နီတီထန်ပရာပါ ဦးဆောင်တဲ့ […]

အရှေ့တောင်အာရှက ဟော်မုဇ် (သို့မဟုတ်) မလက္ကာ

Dawei Watch

May 11, 2026

ဖေဖော်ဝါရီလကုန်ပိုင်းမှာ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်တာကြောင့် ကမ္ဘာ့လောင်စာဆီ ထောက်ပံ့မှုကွင်းဆက်တွေ ပြတ်တောက်သွားပြီး တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုဟာ ဟော်မုဇ်ရေလက်ကြားပေါ်ကို ကျလာခဲ့လာပါတယ်။ ဒါပေမဲ့ ပိုအသံတိတ်ပေမယ့်လည်း အရေးပါတဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတစ်ခုက အရှေ့တောင်အာရှဘက်မှာ ပုံပေါ်လာနေပါတယ်။ ဧပြီလ ၁၄ ရက်နေ့မှာ အမေရိကန်နဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံဟာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုက ပိုမိုခိုင်မာစေမယ့် အဓိကကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အစီအစဉ်တစ်ရပ်ကို အသိပေးထုတ်ပြန်လိုက်ပါတယ်။ သတင်းတွေအရ အမေရိကန်ဟာ အင်ဒိုနီးရှားရဲ့ လေပိုင်နက်ကို အရင်ကထက် ပိုမိုအသုံးပြုခွင့်ရဖို့ ကြိုးပမ်းနေပါတယ်။ အင်ဒိုနီးရှားသမ္မတ ပရာဗိုဝိုဆူဘီယန်တိုက အမေရိကန်ရဲ့ အဆိုပြုချက်ကို သဘောတူလိုက်ပြီလို့ သတင်းဌာနအချို့က ဖော်ပြနေကြပါတယ်။ အခုလိုမျိုး ဖြစ်ပေါ်တိုးတက်မှုတွေက အင်မတန်အရေးပါပါတယ်။ အင်ဒိုနီးရှားရဲ့ ကျွန်းစုကြီးတွေဟာ ကမ္ဘာ့အချက်အချာကျတဲ့ ပင်လယ်ရေကြောင်းလမ်းမကြီးတွေပေါ်မှာ ခွပြီး တည်ရှိနေတာကြောင့်ပါ။ အဲဒီပင်လယ်ရေကြောင်းလမ်းတွေထဲမှာ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ သင်္ဘောလိုင်းတွေအတွက် […]

နာတာရှည် အီရန်အရေးမှာ အပြင်လူဖြစ်သွားတဲ့ အိန္ဒိယ

Dawei Watch

May 9, 2026

အမေရိကန်၊ အစ္စရေးတို့နဲ့ ဖြစ်နေတဲ့ ပဋိပက္ခကြားမှာ အီရန်နဲ့ အိန္ဒိယရဲ့ ဆက်ဆံရေးဟာ အကြီးအကျယ် စမ်းသပ်ခံနေရပါတယ်။ အီရန်ဟာ ပြီးခဲ့တဲ့ မေလ ၄ ရက်က ယူအေအီး ရေနံဆိပ်ကမ်းတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ဆိပ်ကမ်းမှာ မီးလောင်ကျွမ်းခဲ့ပြီး အိန္ဒိယနိုင်ငံသား သုံးဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ဒီတိုက်ခိုက်မှုကို ရှုတ်ချပြီး “အရပ်သားတွေနဲ့ အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားတာဟာ လက်ခံနိုင်စရာ မရှိဘူး” လို့ X လူမှုကွန်ရက်မှာ တက်ရေးပါတယ်။ ဒါတွေမဖြစ်ခင် နှစ်ပတ်အလိုကလည်း အီရန်ဟာ ဟော်မုဇ်ရေလက်ကြားထဲက အိန္ဒိယအလံတင် သင်္ဘောနှစ်စင်းကို ပစ်ခတ်ခဲ့ပါသေးတယ်။ ရေလမ်းကြောင်း ပြန်ဖွင့်ပေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ပြီး မကြာခင်မှာပဲ ဒီလို တိုက်ခိုက်ခဲ့တာပါ။ အိန္ဒိယအစိုးရဟာ အစောပိုင်းမှာ ဟော်မုဇ်ရေလက်ကြားက […]

အနုတင်အစိုးရကို မှတ်ကျောက်တင်မည့် သံတမန်စာမေးပွဲသုံးရပ်

Dawei Watch

May 4, 2026

ရာထူးလက်ခံပြီး သီတင်းသုံးပတ် မပြည့်မီမှာပင် ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဝီရာကူတစ်ယောက် နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာ ဦးစားပေးလုပ်ငန်း သုံးရပ်ကို မီးစိမ်းပြလိုက်၏။ ၎င်းတို့မှာ ကမ္ဘောဒီးယားနှင့် တင်းမာမှုများကို စီမံခန့်ခွဲခြင်း၊ နိုင်ငံတောင်ပိုင်း နယ်စပ်ခရိုင်များရှိ မငြိမ်မသက်မှုများကို ဖြေရှင်းခြင်းနှင့် မြန်မာ့အရေးတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန် တိတ်တဆိတ် ပြင်ဆင်ခြင်းဟူသည့် အချက်များ ဖြစ်သည်။ သူ၏ ကနဦး မူဝါဒလမ်းညွှန်ချက်တွင် အနုတင်သည် ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးနှင့် နိုင်ငံတောင်ပိုင်းရှိ ကာလရှည်ကြာနေပြီဖြစ်သော လက်နက်ကိုင် လှုပ်ရှားမှုများကို အလေးပေး အာရုံစိုက်ထားသော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍မူ တိုက်ရိုက်ရည်ညွှန်းပြောဆိုခြင်းမျိုး ရှောင်ရှားခဲ့သည်။ ဤသည်မှာလည်း ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ ဝန်ကြီးချုပ်အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးရှိ ထိရှလွယ်သော အရေးကိစ္စများကို လူအများ အာရုံစုပြုံလာခြင်းမျိုး မဖြစ်စေဘဲ တိတ်တဆိတ် […]