ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းမြောက်ပိုင်းတွင် မြန်မာပတ်စ်ပိုစ့်ကိုင်ထားသော တရုတ်တစ်ဦးကို စတားလင့်ခ်များနှင့်အတူ ဖမ်းမိ

September 1, 2026

Ref: Maisai Press, The Custom Department

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်ဒေသတွင် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော တရုတ်တစ်ဦးကို စတားလင့်ခ် (starlink) များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဩဂုတ်လ ၂၈ ရက်နေ့က မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်တွင် အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတစ်ဦးကို စတားလင့်ခ်စက် နှစ်လုံးနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

၎င်းကို စစ်ဆေးရာ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော်လည်း မြန်မာစကား မတတ်ကြောင်း၊ တရုတ်ဘာသာဖြင့်သာ ပြောဆိုရန် ဘာသာပြန်မှတစ်ဆင့် ဖြေကြားခဲ့ကြောင်း ဖော်ပြသည်။

၎င်းသည် မလေးရှားနိုင်ငံမှတစ်ဆင့် ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိလာပြီး ချင်းရိုင်လေဆိပ်သို့ ထပ်မံရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစတားလင့်ခ်စက်နှစ်လုံးကို မလေးရှားနိုင်ငံက ယူဆောင်လာခြင်းဖြစ်ပြီး တာချီလိတ်ကို သွားရန် မယ်ဆိုင်ဂိတ်သို့ ထပ်မံ ယူဆောင်လာခြင်းဖြစ်ကြောင်း ပြောသည်။

စတားလင့်ခ်စက်များကို ယူလာစဉ် အကောက်ခွန်ဌာနကို တင်ပြရမည့်အချက်ကို သိရှိခဲ့ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် အကောက်ခွန်ဥပဒေအရ စတားလင့်ခ်စက်များကို သိမ်းဆည်းခဲ့ပြီး ၎င်းကို တရားမဝင် တင်သွင်းလာမှုနှင့် အမှုဖွင့်အရေးယူထားသည်။

Ref: Maisai Press, The Custom Department