ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဥရောပ၏ သက်တော်ရှည် နော်ဝေးနိုင်ငံ၏ ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ် နတ်ရွာစံ

Dawei Watch

August 28, 2026

ဥရောပတိုက်၏ သက်တော်ရှည် ဘုရင်တစ်ပါးဖြစ်သော နော်ဝေးနိုင်ငံ၏ ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ်သည် သက်တော် ၈၉ နှစ်တွင် နတ်ရွာစံသွားပြီဖြစ်သည်။ ဘုရင်ကြီး နတ်ရွာစံတော်မူသော သတင်းကို ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် တော်ဝင်တရားရုံးက အသိပေးကြေညာခဲ့ပြီး ဘုရင်မင်းမြတ် နတ်ရွာစံသည့်အတွက် ဝမ်းနည်း ပူဆွေးကြောင်း ဝန်ကြီးချုပ် Jonas Gahr Støre ကလည်း ပြောသည်။ ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ်ကို ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖွားမြင်တော်မူခဲ့ပြီး ဩဂုတ်လ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၃၅ မိနစ်တွင် ကံကုန်ခဲ့ခြင်းဖြစ်သည်။ ဘုရင်မင်းမြတ်သည် သွေးအားနည်းရောဂါကြောင့် Oslo တက္ကသိုလ်ဆေးရုံကြီးတွင် ယခုနှစ် ဩဂုတ်လကတည်းက […]

နီပေါ-တိဗက်နယ်စပ် ရေကြီးမြေပြိုမှု လူ ကိုးရာကျော်ကို ကယ်တင်နိုင်

Dawei Watch

August 28, 2026

နီပေါ-တိဗက်နယ်စပ်တွင် ဖြစ်ခဲ့သော ရုတ်တရက် ရေကြီး မြေပြိုမှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေရာများထဲက လူ ကိုးရာကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း နီပေါစစ်တပ်က ယနေ့နံနက်တွင် ထုတ်ပြန်သည်။ အထူးသဖြင့် ရေကြီးမြေပြိုမှုကြောင့် ရွာလုံးကျွတ် မျောပါ ပျက်စီးခဲ့သော ရာစူဝပ်နှင့် နူဝါကွတ်ဒေသများထဲက လူ ကိုးရာကျော်ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ကယ်ဆယ်နိုင်ခဲ့သူများတွင် နိုင်ငံခြားသား ၁၁၉ ဦး ပါဝင်ပြီး ယင်းအနက် အိန္ဒိယနိုင်ငံသား ၉၂ ဦး ပါဝင်ကြောင်း ဖော်ပြသည်။ ကယ်တင်နိုင်ခဲ့သော လူ ကိုးရာကျော်စလုံးသည် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှု ခံယူနေဆဲဖြစ်သည်။ လက်ရှိအချိန်အထိ ရေကြီးမြေပြိုမှုကြောင့် နီပေါဘက်တွင် သေဆုံးသူ ၄၇၅ ဦးအထိ ရှိလာပြီဖြစ်ပြီး တိဗက်ဘက်တွင် သုံးဦး ရှိခဲ့ကြောင်း ဖော်ပြသည်။ နှစ်နိုင်ငံတွင် စုစုပေါင်း […]

ထိုင်းတွင် ပြည်နှင်ဒဏ်ပေးမည့် နည်းဥပဒေကြမ်း ယနေ့ စတင်အသက်ဝင်

Dawei Watch

August 28, 2026

ထိုင်းနိုင်ငံအတွင်း ပြစ်မှုကျူးလွန်သော နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့မည့် နည်းဥပဒေကြမ်း ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် စတင်အသက်ဝင်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယင်းနည်းဥပဒေကြမ်းကို ဇူလိုင်လအတွင်း အစိုးရအဖွဲ့က အတည်ပြုလိုက်ပြီးနောက် ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက လက်မှတ်ထိုးပြီး ဩဂုတ်လ ၂၇ ရက်တွင် နိုင်ငံတော်ပြန်တမ်း၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြင်နှင်ဒဏ်ပေးမည့် ပြစ်မှုခြောက်မျိုးတွင် တရားမဝင် ဝင်ရောက်လာမှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှု၊ တရားမဝင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်မှု၊ စာရွက်စာတမ်း အတုပြုလုပ်မှု၊ သုံးနှစ်နှင့်အထက် ထောင်ချနိုင်သော ပြစ်မှုနှင့် အဆိုပါပြစ်မှုများကို အားပေးအားမြှောက်လုပ်ဆောင်မှု၊ ကူညီမှုများ ပါဝင်သည်။ အဆိုပါပြစ်မှုများကို ပြစ်မှုကျူးလွန်သူ၏ အမည်၊ နိုင်ငံ၊ ပြစ်မှုအမျိုးအစားနှင့် အချက်အလက်များကို ပြည်ထဲရေးဝန်ကြီးထံ တင်ပြရမည်ဖြစ်ပြီး အမြန်ဆုံး ပို့ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက […]

ထိုင်းတွင် အီး-စီးကရက်အရည်ထဲ မူးယစ်ဆေးနှင့် မေ့ဆေး ပေါင်းစပ်အသုံးပြုထားကြောင်းတွေ့ရှိ

Dawei Watch

August 27, 2026

ထိုင်းနိုင်ငံအတွင်း အီး-စီးကရက် (Vape) များတွင် ထည့်သွင်းအသုံးပြုနေသော အရည်များကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရာ မူးယစ်ဆေးနှင့် မေ့ဆေး ပေါင်းစပ်အသုံးပြုထားသည်ကို တွေ့ရှိရကြောင်း ဩဂုတ်လ ၂၅ ရက်တွင် ဆေးပညာသိပ္ပံဌာနက သတိပေးချက် ထုတ်ပြန်သည်။ အီး-စီးကရက် အရည်များထဲတွင် မေ့ဆေးထည့်သွင်း အသုံးပြုမှုများကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က တွေ့ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ မေ့ဆေးနှင့် မူးယစ်ဆေး ပေါင်းစပ်ထည့်သွင်းထားသည်ကိုမူ ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ K-Pod နှင့် zombie e-cigarette ဟု ခေါ်သည့် အီး-စီးကရက် အရည်များကို ဓာတ်ခွဲခန်း၌ စစ်ဆေးရာ မေ့ဆေးအပြင် မူးယစ်ဆေးတစ်မျိုးဖြစ်သော စိတ်ကြွဆေး (methamphetamine hydrochloride) ၄ ရာခိုင်နှုန်းအထိ ပါဝင်နေသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။ မေ့ဆေးသည် ဦးနှောက်နှင့် […]

နီပေါ-တိဗက်နယ်စပ် ရေကြီးမြေပြိုမှု သေဆုံးသူ ၁၆၀ ကျော်လာ၊ တစ်ထောင်နီးပါး ပျောက်ဆုံး

Dawei Watch

August 27, 2026

နှစ်နိုင်ငံစလုံးမှာ သေဆုံးသူနဲ့ ပျောက်ဆုံးနေသူအရေအတွက် တိုးလာနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

နီပေါ-တိဗက်နယ်စပ်တွင် ရုတ်တရက် ရေလွှမ်းပြီး လူ ၃၀ ထက်မနည်း သေဆုံး၊ ခရီးသွား ၄၀၀ နီးပါး ပျောက်ဆုံး

Dawei Watch

August 26, 2026

နီပေါနိုင်ငံ တောင်ပေါ်ဒေသတွင် ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် လူ ၃၀ ထက်မနည်း သေဆုံးပြီး ခရီးသွား ၄၀၀ နီးပါး ပျောက်ဆုံးနေကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။ ယနေ့ ဩဂုတ်လ ၂၆ ရက် အစောပိုင်းတွင် နီပေါ-တရုတ်နယ်စပ် တောင်ပေါ်ဒေသဖြစ်သော ရာစူဝါဒေသတွင် ရုတ်တရက် ရေလွှမ်းမိုးခဲ့ပြီး ရွာများစွာ ပျက်စီးကြောင်း ဖော်ပြသည်။ ရုတ်တရက် ရေလွှမ်းမိုးခဲ့သည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ပညာရှင်များကမူ ငလျင်ကြောင့် ရေခဲတောင်ပေါ်က ရေခဲများ အရည်ပျော်ကာ မြစ်အတွင်းသို့ တဟုန်ထိုး စီးဆင်းလာသဖြင့် ရေနှင့် ရွှံ့များ ဒလဟော လွှမ်းမိုးလာခဲ့ခြင်းဖြစ်နိုင်ကြောင်း ကနဦးခန့်မှန်းထားသည်။ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ခရီးသွား ၃၈၄ ဦးသည် […]

ပါကစ္စတန် ဆေးရုံမီးလောင်မှု မွေးကင်းစကလေး တစ်ဒါဇင်ကျော် သေဆုံး

Dawei Watch

August 26, 2026

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘတ်ရှိ အစိုးရဆေးရုံတစ်ခု၌ ယနေ့ ဩဂုတ်လ ၂၆ ရက်တွင် မီးလောင်ရာ မွေးကင်းစကလေးငယ် ၁၄ ဦးထက်မနည်း သေဆုံးကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။ အဆိုပါ ဝမ်းနည်းဖွယ်ဖြစ်ရပ်သည် မွေးကင်းစကလေး အဆောင်အတွင်း ပေါက်ကွဲမှုတစ်ခုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း ပါကစ္စတန် ကျန်းမာရေးဝန်ကြီးက ဆိုသည်။ အဆိုပါ မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်တွင် ပါကစ္စတန် ဆေးသိပ္ပံအင်စတီကျု၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၏ တတိယထပ်၌ စတင်ခဲ့ခြင်းဖြစ်ကြောင်း Geo TV သတင်းတွင် ဖော်ပြထားသည်။ သေဆုံးသူအရေအတွက်မှာ ၁၅ ဦးအထိ ရှိကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ လေအေးပေးစက် ပေါက်ကွဲပြီးနောက် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်ကျန်းမာရေးဝန်ကြီးက ပြောသည်။ အဆိုပါ အဆောင်အတွင်း အောက်ဆီဂျင်လုံလောက်စွာ […]

7-Eleven ဆိုင်က ဘီယာခိုးပြီး ရဲ၏ လည်ပင်းကို ဓားဖြင့်လှီးခဲ့သော အမေရိကန်နိုင်ငံသားကို ဖမ်းမိ

Dawei Watch

August 25, 2026

ဘီယာခိုးပြီး ထွက်ပြေးတာကို အနီးမှာတာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်က ဆိုင်ကယ်နဲ့ လိုက်လံဖမ်းဆီးချိန် ဓားနဲ့ တိုက်ခိုက်ခဲ့တာပါ။