ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

အင်ဒိုနီးရှားအင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၄၀ နီးပါး အထိရောက်ရှိ

Dawei Watch

August 15, 2026

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်၌ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲငလျင်များစွာ လှုပ်ခတ်ခဲ့ရာ လူ ၃၈ ဦးထက်မနည်း သေဆုံးကြောင်း အာဏာပိုင်များက ဆိုသည်။ ကနဦးထုတ်ပြန်ခဲ့သည့် ဆူနာမီသတိပေးချက်ကို ငလျင်လှုပ်ခတ်ပြီးနောက် သုံးနာရီခန့်အကြာတွင် ပြန်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ နောက်ဆုံးရ စာရင်းများအရ သေဆုံးသူ ၃၈ ဦး ၊ ပြင်းထန်ဒဏ်ရာရရှိသူ ၂ ဦးနှင့် မစိုးရိမ်ရသည့် သာမန်ဒဏ်ရာရရှိသူ ၁၁ ဦးရှိကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ (BNPB) က ဆိုသည်။ ငလျင်ဒ‌ဏ်ကြောင့် လူပေါင်း ၂၀၀၀ ခန့် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရကြောင်း BNPB […]

အင်ဒိုနီးရှားတွင် အင်အားပြင်း ငလျင်လှုပ်၍ သေဆုံးသူ အနည်းဆုံး ၅ ဦးအထိ ရှိလာ

Dawei Watch

August 15, 2026

အင်ဒိုနီးရှားနိုင်ငံတွင် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနများအရ သိရသည်။ ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုသည် အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Flores ကျွန်းအနီး East Nusa Tenggara ပြည်နယ်တွင် မြေအောက်အနက် ၁၅ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်သည် နံနက်ပိုင်း လူအများ အိပ်ပျော်နေချိန် လှုပ်ခတ်ခဲ့သဖြင့် နေအိမ်အတွင်း အိပ်ပျော်နေသူ အများစု သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောသည်။ ငလျင်ကြောင့် လမ်းပိတ်ဆို့မှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး အပျက်အစီးများအောက် ပိတ်မိပျောက်ဆုံးနေသူများကို […]

ဘီလျံနာ ဂျက်ဖ် ဘီဇော့စ် ပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုအုပ်စုဆီကို လီဗာပူးရဲ့ရှယ်ယာ သုံးပုံ တစ်ပုံ ရောင်း

Dawei Watch

August 15, 2026

လီဗာပူးအသင်း ပိုင်ရှင် Fenway Sports Group (FSG) ဟာ အသင်းရဲ့ ရှယ်ယာ သုံးပုံ တစ်ပုံလောက်ကို ဘီလျံနာ သူဌေးကြီးတွေ ပါဝင်တဲ့ အုပ်စုဆီ တရားဝင် ရောင်းချလိုက်ပါပြီ။ ဒါဟာ လီဗာပူးအတွက် အရမ်းကို အဖိုးတန်တဲ့ ရင်းနှီးမြှုပ်နှံမှုကြီး ဝင်ရောက်လာတာဖြစ်ပြီး ရှယ်ယာ သုံးပုံ တစ်ပုံလောက်ကို ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစုအသစ်က ယူရို ၁ ဒသမ ၆၅ ဘီလျံနဲ့ ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ ကျူပီအာရ်အသင်းပိုင်ရှင်ဟောင်း အေမစ် ဘာတီးယား ဦးဆောင်တဲ့ လုပ်ငန်းရှင်အုပ်စုကြီး ဖြစ်တယ်လို့ BBC Sports က ရေးသားထားပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းမှာ အဆင့် ၃ ချိတ်ထားတဲ့ Amazon တည်ထောင်သူ ဂျက်ဖ် ဘီဇော့စ်ဟာ ဒီရင်းနှီးမြှုပ်နှံမှုထဲကို သွယ်ဝိုက်ပါဝင်လာခဲ့ပြီး […]

အိမ်ဖြူတော်သတင်းပြန်ကြားရေးဝန်ကြီး ရာထူးမှ နုတ်ထွက်မည်

Dawei Watch

August 13, 2026

အမေရိကန်သမ္မတ အိမ်ဖြူတော်သတင်းပြန်ကြားရေးဝန်ကြီး ခရိုလိုင်းလီဗစ်သည် ယခုနှစ် ဩဂုတ်လကုန်တွင် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က အသိပေးထုတ်ပြန်လိုက်သည်။ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် အီရန်စစ်ပွဲကြောင့် သမ္မထရမ့်အပေါ် လူထုထောက်ခံမှုနှုန်း အနိမ့်ဆုံးရောက်နေချိန်တွင် ၎င်း၏ အဓိကပြောရေးဆိုခွင့်ရှိသူ ရာထူးမှ နုတ်ထွက်ခြင်း ဖြစ်သည်။ လီဗစ်အနေဖြင့် သူမ၏ မိသားစုအတွက် အချိန်ပိုပေးနိုင်ရန် ယင်းသို့ နုတ်ထွက်ရခြင်းဖြစ်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။ အသက် ၂၈ အရွယ်ရှိ လီဗစ်သည် ယခုနှစ် မေလတွင် သမီးငယ်တစ်ဦး မီးဖွားခဲ့ပြီး ပြီးခဲ့သည့်လတွင် မီးဖွားခွင့်မှ အလုပ်တာဝန် ပြန်ထမ်းဆောင်ခဲ့သည်။ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးအိမ်ဖြူတော်သတင်းပြန်ကြားရေးဝန်ကြီးဖြစ်သူ ခရိုလိုင်းလီဗစ်သည် ၎င်း၏ ထိပ်သီးပြင်ပအကြံပေးများထဲမှတစ်ဦး ဖြစ်လာမည်ဟု သမ္မတထရမ့်က Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ လီဗစ်သည် ထရန့်၏ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း […]

ဘန်ကောက်ဘားမီးလောင်မှုတွင် တစ်လအကြာ ဆေးကုသမှုခံယူနေသူတစ်ဦး ထပ်မံသေဆုံး

Dawei Watch

August 12, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လူသေဆုံးမှုများခဲ့သော ဘားမီးလောင်မှုတွင် ဆေးရုံတွင် တစ်လကြာ ဆေးကုသမှုခံယူနေသူ တစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ ၃၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၁၃ ရက်ညက နာမည်ကြီး Rong Beer Na Lat Phrao ဘား မီးလောင်၍ လူ ၃၀‌ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး လူပေါင်း ၇၀ ကျော်အထိ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာပြင်းထန်သူများကို ICU ထဲတွင် ကုသမှု ပေးနေရာမှ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဆေးရုံတွင် ၁ ဦး ထပ်မံသေဆုံးခဲ့သဖြင့် ဆေးရုံတွင် သေဆုံးသူ ၈ ဦးအထိ ရှိလာပြီး ဘားမီးလောင်မှုကြောင့် သေဆုံးသူ ၃၈ […]

ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ

Dawei Watch

August 12, 2026

ကားနှစ်စီးက ပုံမှန်ထက် အလေးချိန်ပိုများနေပြီး အရှိန်နဲ့မောင်းလာတာကြောင့် တားဆီးစစ်ဆေးရာက မြန်မာနိုင်ငံသားတွေကို ဖမ်းမိခဲ့တာလို့ဆိုပါတယ်။

ထိုင်းအစိုးရအဖွဲ့ကို အယုံအကြည်မရှိ အဆိုတင်သွင်းမည်ဟု အတိုက်အခံပါတီပြော

Dawei Watch

August 11, 2026

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ ဦးဆောင်ထားသော လက်ရှိ အစိုးရအဖွဲ့ကို အယုံအကြည်မရှိကြောင်း လာမည့်လွှတ်တော်သက်တမ်းအတွင်း အဆိုတင်သွင်းမည်ဟု အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီဘက်က ပြောကြားလိုက်သည်။ လာမည့် ဩဂုတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံ၏ လွှတ်တော်ကို ပြန်လည်ကျင်းပမည်ဖြစ်ပြီး အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီ (People’s Party) က လက်ရှိဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ အစိုးရအဖွဲ့ကို အယုံအကြည်မရှိအဆို တင်သွင်းမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။ ယခုအဆိုတင်သွင်းမှုသည် ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ အစိုးရအဖွဲ့ကို ဖယ်ရှားနိုင်ရေး အတိုက်အခံပါတီ၏ ပထမဆုံးအကြိမ် လုပ်ဆောင်မှုဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက်ပိုင်း အတိုက်အခံပါတီဘက်က ထုတ်ပြောလာခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်က အထက်လွှတ်တော်အမတ် ရွေးချယ်ရေးတွင် ဝင်ရောက်ညှိနှိုင်းစွက်ဖက်မှုအတွက် လက်ရှိအစိုးရအဖွဲ့က ပါဝင်ပက်သက်နေသည်ဟု ပြည်သူ့ပါတီခေါင်းဆောင်က စွပ်စွဲထားသည်။ […]