ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အိမ်ဖြူတော်သတင်းပြန်ကြားရေးဝန်ကြီး ရာထူးမှ နုတ်ထွက်မည်

August 13, 2026

အမေရိကန်သမ္မတ အိမ်ဖြူတော်သတင်းပြန်ကြားရေးဝန်ကြီး ခရိုလိုင်းလီဗစ်သည် ယခုနှစ် ဩဂုတ်လကုန်တွင် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က အသိပေးထုတ်ပြန်လိုက်သည်။

ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် အီရန်စစ်ပွဲကြောင့် သမ္မထရမ့်အပေါ် လူထုထောက်ခံမှုနှုန်း အနိမ့်ဆုံးရောက်နေချိန်တွင် ၎င်း၏ အဓိကပြောရေးဆိုခွင့်ရှိသူ ရာထူးမှ နုတ်ထွက်ခြင်း ဖြစ်သည်။

လီဗစ်အနေဖြင့် သူမ၏ မိသားစုအတွက် အချိန်ပိုပေးနိုင်ရန် ယင်းသို့ နုတ်ထွက်ရခြင်းဖြစ်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

အသက် ၂၈ အရွယ်ရှိ လီဗစ်သည် ယခုနှစ် မေလတွင် သမီးငယ်တစ်ဦး မီးဖွားခဲ့ပြီး ပြီးခဲ့သည့်လတွင် မီးဖွားခွင့်မှ အလုပ်တာဝန် ပြန်ထမ်းဆောင်ခဲ့သည်။

သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးအိမ်ဖြူတော်သတင်းပြန်ကြားရေးဝန်ကြီးဖြစ်သူ ခရိုလိုင်းလီဗစ်သည် ၎င်း၏ ထိပ်သီးပြင်ပအကြံပေးများထဲမှတစ်ဦး ဖြစ်လာမည်ဟု သမ္မတထရမ့်က Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

လီဗစ်သည် ထရန့်၏ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း အိမ်ဖြူတော်၌ သတင်းပြန်ကြားရေး အကူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

Source: The Guardian