ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦး မောင်းနှင်လာသော ကားတစ်စီး မီးလောင်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ကားပျက်စီးသွားသော်လည်း ကားအတွင်း လိုက်ပါလာသူနှစ်ဦးစလုံးမှာ ဘေးကင်းခဲ့ကြောင်း ဖော်ပြသည်။
ဩဂုတ်လ ၁၀ ရက် ည ၇ နာရီခန့်က ချင်းမိုင်မြို့ ဒွယ်စကေ့ဒေသ ထနဖီရီယစူပါမားကတ်ရှေ့တွင် အိမ်စီးကားတစ်စီး မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်။
ကားကို မြန်မာနိုင်ငံသားတစ်ဦးက မောင်းလာပြီး ကားအနောက်တွင် တောင်ကိုးရီးယားအမျိုးသမီးတစ်ဦး လိုက်ပါလာသည်ကို တွေ့ရကြောင်း ဆိုသည်။
မီးသတ်တပ်ဖွဲ့က ကားကို မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ကားပေါ်ပါလာသူနှစ်ဦးစလုံး ဒဏ်ရာရရှိမှု မရှိကြောင်း ဖော်ပြသည်။
ကားအတွင်း မီးခိုးအနံ့ရလာသဖြင့် ကားသမားနှင့် လိုက်ပါလာသူနှစ်ဦးစလုံး ကားပေါ်က ဆင်းပြေးခဲ့ကြရာမှ လွတ်မြောက်ခဲ့ကြကြောင်း ကားသမားက ပြောသည်။
ကားမီးလောင်မှုကြောင့် ကားတစ်စီးလုံး ပျက်စီးသွားခဲ့ကြောင်း ဖော်ပြသည်။












