ဖူးခက်မှ နယူးဒေလီသို့သွားသည့် လေယာဉ် လေထုမငြိမ်မသက်မှုနှင့် ကြုံပြီး ခရီးသည်များ ဒဏ်ရာရ
Dawei Watch
August 5, 2026ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ အိန္ဒိယနိုင်ငံ နယူးဒေလီသို့ ပျံသန်းသော Air India လေကြောင်းလိုင်းပိုင် လေယာဉ်သည် လေထုမငြိမ်မသက်မှုနှင့် ကြုံတွေ့ရပြီး ခရီးသည် ၂၀ နီးပါးအထိ ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။ လေယာဉ်သည် ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် ပျံသန်းခဲ့ပြီး နှစ်နာရီခန့်အကြာ ၁၀ နာရီခွဲခန့်တွင် လေထုမငြိမ်မသက်မှု (turbulence) ကို ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ယင်းအချိန် လေယာဉ်သည် ပေ ၃၀၀ ခန့် ရုတ်တရက် နိမ့်ဆင်းသွားခဲ့ပြီး လေယာဉ်အတွင်း ၃ မိနစ်ခန့်ကြာအောင် တုန်ခါမှု ပြင်းထန်ခဲ့ကြောင်း၊ ခရီးသည်အများစုသည် ထိုင်ခုံနေရာမှ မြောက်တက်၍ လေယာဉ်မျက်နှာကျက်နှင့် ထိခိုက်မိခဲ့ကြောင်း ဖော်ပြသည်။ “ကျွန်တော်တို့ သေပြီထင်တာ တုန်ပြီး ငိုပဲ […]


