သေနတ်ဖြင့်ပစ်မည်ဆို၍ ချင်းမိုင်ရှိ ပုဂ္ဂလိကအထက်တန်းကျောင်းတွင် လုံခြုံရေးတိုးမြှင့်
Dawei Watch
August 11, 2026ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ပုဂ္ဂလိကအထက်တန်းကျောင်းတစ်ခုတွင် သေနတ်ဖြင့်ပစ်ခတ်မည်ဟု အွန်လိုင်းပေါ်မှ ခြိမ်းခြောက်မှုကြောင့် ကျောင်းတွင်းလုံခြုံရေး တိုးမြှင့်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ချင်းမိုင်မြို့ရှိ Montfort College ပုဂ္ဂလိကအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီ၌ ကျောင်းထဲ သေနတ်ပစ်ခတ်မည်ဟု ကျောင်းသားတစ်ဦးက သေနတ်ပုံပြ၍ အွန်လိုင်းပေါ် ခြိမ်းခြောက်ထားခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ၁၂ တန်းစာသင်ခန်းနှစ်ခန်းကို သေနတ်ဖြင့်ပစ်ခတ်မည်ဟု Line Group ၏ ချက်ဘောက် (စကားပြောခန်း) တွင် ခြိမ်းခြောက်ထားခြင်းဖြစ်သည်။ ဂရုထဲတွင် သေနတ်ပုံကိုလည်း ပြသခဲ့သလို သေနတ်ပစ်ခတ်မည်ကိုလည်း ဆွေးနွေးခဲ့ကြသေးသည်။ သို့သော်လည်း သေနတ်က အစစ်ဖြစ်မဖြစ်ကိုမူ ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပေ။ ရဲတပ်ဖွဲ့က ခြိမ်းခြောက်စာတင်ခဲ့သော ကျောင်းသား၏ အချက်အလက်များရယူကာ ရှာဖွေနေဆဲဖြစ်ပြီး မိဘဖြစ်သူများကို စစ်ဆေးမေးမြန်းရန် ခေါ်ယူထားကြောင်း သိရသည်။ […]


