ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကန်ချနဘူရီတွင် မူကြိုကျောင်းကို ကားဝင်တိုက်၊ ကလေး ၁၀ ဦး ဒဏ်ရာရ

August 7, 2026

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် မူကြိုကျောင်းတစ်ကျောင်းကို ကားဝင်တိုက်ပြီး ကလေးငယ် ၁၀ ဦး ထိခိုက်ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဩဂုတ်လ ၇ရက် နေ့လယ်ပိုင်းတွင် ကန်ချနဘူရီမြို့ နောင်စောင်တောမူကြိုကျောင်းကို အိမ်စီးကားက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ကလေးများ အိပ်ပျော်နေချိန် ကားဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကလေးငယ်များကို ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် ကားတိုက်မှုဖြစ်ရသည့် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်သည်။

ကားတိုက်မှုကြောင့် မိဘများက စိုးရိမ်နေကြပြီး ကလေးငယ်များ ဘေးကင်းလုံခြုံရေးအတွက် တောင်းဆိုနေကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Khaosod, Rattanavudh Foundation