ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိန်းသိမ်းခံရသူများ အမြန်ဆုံး ပြန်လွှတ်ပေးရန် အာဆီယံတောင်းဆို

August 7, 2026

စစ်အာဏာရှင်၏ အဓမ္မဖမ်းဆီးခြင်းခံရသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် အာဆီယံဥက္ကဋ္ဌက ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

အာဆီယံ ဘုံသဘောတူညီချက်အရ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများ ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာအဖွဲ့အားလုံးနှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိစေရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ဩဂုတ်လ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Arnaud de Baecque နှင့် တွေ့ဆုံခွင့်ပေးသည့်အပေါ် အာဆီယံအနေဖြင့် ကြိုဆိုကြောင်း‌လည်း ဖော်ပြသည်။

ယင်းတွေ့ဆုံမှုက မြန်မာနိုင်ငံရှိ အားလုံ ပါဝင်သည့် နိုင်ငံတော်အဆင့် ဆွေးနွေးမှုနှင့် ပြန်လည်သင့်မြတ်ရေးအတွက် အပြုသဘောဆောင်သည့် ခြေလှမ်းဖြစ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဝင်များ၊ ဥပဒေအကြံပေးများ၊ ဆရာဝန်များနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိုယ်စားလှယ်များအနေဖြင့် သူမနှင့် ရေရှည် ပုံမှန် တွေ့ဆုံခွင့် ရရှိနိုင်ရန် လမ်းဖွင့်ပေးနိုင်မည်ဟု မျှော်လင့်ကြောင့် အာဆီယံဥက္ကဋ္ဌက ရေးသားထားသည်။