ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ကျောင်းသားတစ်ဦးက စာသင်ကျောင်းထဲ သေနတ်ဖြင့်ပစ်၍ ခုနစ်ဦးသေပြီး အများအပြား ဒဏ်ရာရ

August 7, 2026

Ref: Thai Enquirer, Khaosod, The Nation Thailand

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင် စာသင်ကျောင်းထဲ ကျောင်းသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အနည်းဆုံး ခုနစ်ဦးသေဆုံးသွားပြီး အများအပြား ဒဏ်ရာရသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဩဂုတ်လ ၇ ရက် နံနက် ၉ နာရီခွဲခန့်တွင် ဘန်ကွေးဒေသရှိ Debsirin Nonthaburi စာသင်ကျောင်းထဲ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်သည်။

သေနတ်သမားသည် အသက် ၁၄ နှစ်အရွယ် Grade 9 ကျောင်းသားဖြစ်ပြီး သေနတ်ပစ်ခတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကို ပြန်ပစ်၍ အဆုံးစီရင်ခဲ့သည်။

သေနတ်ပစ်ခတ်မှုကြောင့် စာသင်ကျောင်းထဲတွင် ဆရာ သုံးဦး၊ ကျောင်းသား သုံးဦး စုစုပေါင်း ခြောက်ဦး ထိခိုက်သေဆုံးခဲ့ပြီး နောက်ထပ် ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သတင်းတွင်ဖော်ပြထားသည်။

စာသင်ကျောင်းထဲ ပစ်ခတ်မှု မဖြစ်ခင်က သေနတ်သမားသည် နေအိမ်တွင် အဘိုးနှင့် အဘွားကို ပစ်သတ်ခဲ့ပုံရကြောင်း ရဲတပ်ဖွဲ့က ကနဦး မှတ်ချက်ပြုသည်။

သေနတ်သည် သေနတ်သမား၏ အဘိုးဖြစ်သူပိုင်ဆိုင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိတွင် ပစ်စတိုသေနတ်နှင့် ကျည်ဆန်များကို သိမ်းဆည်းရမိပြီဖြစ်ကြောင်း ဖော်ပြသည်။

Ref: Thai Enquirer, Khaosod, The Nation Thailand