နီပေါရေကြီးမှုတွင် လှိုင်ခေါင်းထဲ ကိုးရက်ကြာ ပိတ်မိနေသူနှစ်ဦးကို အသက်ရှင်လျက် ကယ်တင်
Dawei Watch
September 4, 2026နီပေါ-တိဗက် နယ်စပ် ရေကြီးမြေပြိုတွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု၏ လှိုင်ခေါင်းထဲ ကိုးရက်ကြာ ပိတ်မိနေသော အလုပ်သမားနှစ်ဦးကို ကိုးရက်အကြာ ယနေ့ စက်တင်ဘာ ၄ ရက်တွင် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည် ယနေ့ နံနက်တွင် လှိုင်ခေါင်းထဲ လူသံကို ကနဦးကြားရပြီးနောက် အလုပ်သမားနှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးသည် ရွှံပေနေသော အလုပ်သမားကို ကျောပေါ်တင်၍ ကယ်တင်နေသည်ကို ဓါတ်ပုံများအရ တွေ့ရသည်။ အသက်ရှင်လွတ်မြောက်လာသူ နှစ်ဦးမှာ ရေအားလျှပ်စစ် အလုပ်သမားခေါင်းဆောင်နှင့် ကြီးကြပ်သူတို့ဖြစ်ပြီး ဒဏ်ရာများကို ဆေးကုသရန် မြို့တော် ခတ္တမန္ဒူရှိ ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း နီပေါဝန်ကြီးချုပ်ရုံးဘက်က ပြောဆိုသည်။ Trishuli-3A ရေအားလျှပ်စစ်စီမံကိန်းထဲတွင် အလုပ်သမား ၁၁၅ နီးပါးအထိ […]


