ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ချင်းမိုင်တွင် ပျောက်သွားသော မြန်မာကလေးငယ်ကို ကီလိုမီတာ ၆၀၀ ခန့် ဝေးသောမြို့တွင်ပြန်တွေ့

Dawei Watch

July 30, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် အသက် ၁၅ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး တစ်ရက်ကျော်ကြာ ပျောက်ဆုံးသွားခဲ့ပြီးနောက် မိသားစုဝင်များနှင့် ပြန်လည်ဆုံတွေ့ရပြီဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ ၂၉ ရက်နေ့၌ ထိုင်းနိုင်ငံအလယ်ပိုင်း လွတ်ဘူရီမြို့တွင် ပြန်လည်တွေ့ရှိခဲ့ပြီးနောက် မိဘများက ပြန်လည်ခေါ်ယူ စောင့်ရှောက်ထားပြီဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောသည်။ အသက် ၁၅ နှစ်အရွယ် မောင်စွမ်းပြည့်ပိုင်စိုးအမည်ရှိ မြန်မာကလေးငယ်သည် ဇူလိုင်လ ၂၈ ရက်နေ့က ချင်းမိုင်မြို့ နေအိမ်မှ ထွက်သွားပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ကလေးသည် ချင်းမိုင်အဝေးပြေးကားကွင်းမှတစ်ဆင့် အခြားမြို့တစ်မြို့သို့ ထွက်သွားခဲ့ကြောင်း ခြေရာခံနိုင်ခဲ့သဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ခြင်းဖြစ်သည်။ မိသားစုဝင်များက ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ကလေး၏ တည်နေရာကို ခြေရာခံရာမှ ထိုင်းနိုင်ငံအလယ်ပိုင်း လွတ်ဘူရီမြို့ရှိ ဟိုတယ်တစ်ခုတွင် ရှိနေသည်ကို ခြေရာခံနိုင်ခဲ့ကြောင်း မိသားစုဝင်များက […]

BGF ဗိုလ်မှူးချုပ် စောမုတ်သုန်ကို လူကုန်ကူးမှုဖြင့် ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်

Dawei Watch

July 29, 2026

ကရင်နယ်ခြားစောင့်တပ် (BGF) တပ်နယ် ၄ မှ ဗိုလ်မှူးချုပ် စောမုတ်သုန်ကို လူကုန်ကူးမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု စွပ်စွဲချက်များဖြင့် ထိုင်းနိုင်ငံ ရာဇဝတ်မှုတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဗိုလ်မှူးချုပ် စောမုတ်သုန်ကို တရားရုံးက လူကုန်ကူးမှု သံသယဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းထောက်ကလည်း အတည်ပြုထားသည်။ ဗိုလ်မှူးချုပ် စောမုတ်သုန်ကို လူကုန်ကူးမှုအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ၏ လျှောက်ထားချက်အရ တရားရုံးက ဇူလိုင်လ ၂၇ ရက် ရက်စွဲဖြင့် ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ် စောမုတ်သုန်သည် လူသုံးဦး သို့မဟုတ် သုံးဦးထက်ပိုသော နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့ကို ဖွဲ့စည်းပြီး လူကုန်ကူးရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း ဝရမ်းတွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံသားတစ်ဦးကို မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းထံသို့ […]

ကော့စမွေကျွန်းတွင် ရေရှားနေသဖြင့် ပြည်သူများ အခက်တွေ့

Dawei Watch

July 29, 2026

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်ရှိ နာမည်ကြီး ကော့စမွေကျွန်းတွင် ရေရှားနေသဖြင့် ကျွန်းတွင် နေထိုင်သူများ အခက်အခဲတွေ့နေကြကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ကျွန်းပေါ်ရှိ အစိုးရ၏ ရေပေးဝေရေးစနစ်သည် နေအိမ်၊ တိုက်ခန်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်များကို နေ့စဉ်ပုံမှန် ရေဖြန့်ဝေနိုင်ခြင်း မရှိတော့သဖြင့် သုံးရေ၊ ချိုးရေများအတွက် အခက်အခဲဖြစ်နေကြကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ “ရေက တစ်ပတ်မှာ သုံးရက်လောက်ပဲ လာတော့တယ်။ လာတာတောင် တစ်နေ့လုံးမဟုတ်ဘူး။ ခဏပဲ။ ရေလာတုန်း ပုံးတွေနဲ့ အကုန်ခံထားပြီး သုံးစွဲနေရတယ်။ ရေချိုးလို့မရ၊ အိမ်သာတက်လို့မရနဲ့ တော်တော် ဒုက္ခတွေရောက်ရတယ်” ဟု ကျွန်းနေ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။ တိုက်ခန်းများတွင် ရေပုံမှန်မရရှိသဖြင့် ရေချိုးရန်နှင့် အိမ်သာတက်ရန်အတွက်ပင် ရေရရှိသော အခန်းများသို့ သွားရောက်အကူအညီတောင်းခံနေရကြောင်း ၎င်းက ပြောသည်။ အချို့အခန်းများတွင် ရေကို […]

ဂျပန်အင်အားပြင်း ငလျင်ကြောင့် ၁၃ ဦး သေဆုံး

Dawei Watch

July 29, 2026

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၁၃ ဦး တွေ့ရှိထားကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနအဲတာကအိချိက ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းတွင် ပြောကြားလိုက်သည်။ ဂျပန်နိုင်ငံတောင်ပိုင်း ပင်မကျွန်းကြီးဖြစ်သော ကျူရှူးကျွန်းရှိ ကူမာမိုတို ဒေသ၌ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု အင်္ဂါနေ့ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည်။ ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းလည်း တာကအိချိက ဆိုသည်။ “ကယ်ဆယ်ရေး ရောက်လာဖို့ စောင့်မျှော်နေရတဲ့ လူတွေ ရှိနေပါသေးတယ်။ ဒါက အချိန်နဲ့ အပြိုင်လုလုပ်နေရတဲ့ ကိစ္စ ဖြစ်ပါတယ်” ဟု သူမက ပြောဆိုသည်။ “ကျွန်မတို့အနေနဲ့ တတ်နိုင်သလောက် လူများများကို ရှာဖွေကယ်ဆယ်သွားနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားပါမယ်” […]

ဂျပန်တွင် အင်အားပြင်း ငလျင်လှုပ်ပြီး ဈေးဝယ်စင်တာထဲ လူအများအပြားပိတ်မိ

Dawei Watch

July 28, 2026

ငလျင်ကြောင့် ကူမာမိုတိုစီရင်စု ကာရှိမာမြို့ရှိ Aeon Mall ဈေးဝယ်စင်တာထဲ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဈေးဝယ်စင်တာ၏ ဒုတိယထပ် ပြိုကျသွားခဲ့ခြင်းဖြစ်သည်။

အီရန်နှင့် ဆွေးနွေးမှုများ ကောင်းမွန်ဟု ထရမ့်ပြော

Dawei Watch

July 28, 2026

အီရန်နှင့် ဆွေးနွေးမှုများ မအောင်မြင်ပါက အမေရိကန်အနေဖြင့် တိုက်ခိုက်မှုများ ပြန်စမည်ဟုလည်း ၎င်းက သတိပေးပြောဆိုခဲ့သည်။

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး သတ်ဖြတ်အလောင်းစွန့်ပစ်ခံရ

Dawei Watch

July 28, 2026

ရဲတပ်ဖွဲ့က အလောင်းကို စစ်ဆေးရာ သေဆုံးသူသည် အသက် ၂၆ နှစ်အရွယ် မတင်စန္ဒာလင်းအမည်ရှိ မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ရရှိထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

ချင်းမိုင်တွင် တစ်ရက်လျှင် နှစ်ဦးခန့် HIV ရောဂါပိုး ကူးစက်နေ၍ သတိထားစောင့်ကြည့်

Dawei Watch

July 27, 2026

ရွှေ့ပြောင်းအလုပ်သမားများနှင့် တိုင်းရင်းသားအများစုက HIV ရောဂါပိုးနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ပိုမိုကူးစက်ခံနေရကြောင်း ကျန်းမာရေးဌာနကဆိုသည်။