ပီအက်စ်ဂျီ တိုက်စစ်တောင်ပံကစားသမား ဘာကိုလာကို ပေါင်သန်း ၁၄၀ နဲ့ခေါ်မယ့် လီဗာပူး
Dawei Watch
July 27, 2026ဘာကိုလာက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် လက်မှတ်ထိုးဖို့ ငြင်းဆိုထားတာကြောင့် သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေက ပိုပြီး လှုပ်ခတ်လာပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါဘာကိုလာက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် လက်မှတ်ထိုးဖို့ ငြင်းဆိုထားတာကြောင့် သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေက ပိုပြီး လှုပ်ခတ်လာပါတယ်။
ပညာရေးဝန်ကြီးနုတ်ထွက်ပေးရန် ဆန္ဒပြသူများ၏ တောင်းဆိုချက်အပေါ် တုံ့ပြန်ရန် အိန္ဒိယအစိုးရဘက်က စနေနေ့ မွန်းလွဲပိုင်းအထိ အချိန်တောင်းထားသည်။ ဆန္ဒပြသူများနှင့် အစိုးရအကြား နှစ်ဖက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် အစိုးရဘက်က ယင်းသို့ အချိန်တောင်းခံခြင်း ဖြစ်ကြောင်း ပိုးဟပ်ပြည်သူ့ပါတီလှုပ်ရှားမှု ခေါင်းဆောင်များက သောကြာနေ့တွင် ပြောသည်။ ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမေးခွန်းပေါက်ကြားမှုဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသားတက်ကြွလှုပ်ရှားသူ ဆိုနမ်ဝမ်ချွတ်က ၎င်း၏ ၂၆ ရက်ကြာ အစာငတ်ခံဆန္ဒပြမှုကို အဆုံးသတ်လိုက်ပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါ နှစ်ဖက်ဆွေးနွေးပွဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းပေါက်ကြားမှုနှင့် ပတ်သက်၍ လက်ရှိဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ၂၀၁၄ ခုနှစ်တွင် အာဏာရရှိလာခဲ့ပြီးနောက်ပိုင်း ကြုံတွေ့ရသည့် အကြီးမားဆုံး လူထုစိန်ခေါ်မှုဖြစ်သည်။ အတိုက်အခံ နိုင်ငံရေးပါတီများကလည်း ဆန္ဒပြလူငယ်များ၏ တောင်းဆိုချက်ကို ထောက်ခံပူးပေါင်းခဲ့ကြပြီး ယခုသီတင်းပတ်အတွင်း စတင်ခဲ့သည့် ပါလီမန်၏ […]
အာဆီယံထိပ်သီးအစည်းအဝေးများတွင် မြန်မာခေါင်းဆောင်(စစ်အုပ်စု)များ ပါဝင်တက်ရောက်နိုင်ရေးမှာ ဝေးကွာနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပေါ် မြန်မာခေါင်းဆောင်များ၏ လိုက်နာဆောင်ရွက်မှုကို အကဲဖြတ်နေဆဲဖြစ်သောကြောင့် မြန်မာခေါင်းဆောင်များအနေဖြင့် အာဆီယံထိပ်သီးအစည်းအဝေးများတွင် ပါဝင်တက်ရောက်နိုင်ဦးမည် မဟုတ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာလာဇာရိုက ဆိုသည်။ “ဒါက အလှမ်းဝေးနေဆဲပါပဲ။ သူတို့ရဲ့ လိုက်နာဆောင်ရွက်မှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ အမျာကြီး ရှိနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုသည် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်ပြီး ယခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားမည် ဖြစ်သည်။ အာဆီယံအဖွဲ့အနေဖြင့် မြန်မာခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး လမ်းပြမြေပုံ တိုးတက်မှုကို တိုင်းတာရန် စံသတ်မှတ်ချက်များ ချမှတ်သွားမည်ဖြစ်ပြီး အဆိုပါ စံချိန်စံညွှန်းများကို မမီပါက လိုက်နာဆောင်ရွက်ရန် […]
ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းပေါက်ကြားမှုဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသား တက်ကြွလှုပ်ရှားသူ ဆိုနမ်ဝမ်ချွတ်က အစာငတ်ခံဆန္ဒပြနေခြင်းဖြစ်ပြီး ၎င်း၏ဆန္ဒပြမှုကို ၂၆ ရက်အကြာတွင် အဆုံးသတ်လိုက်ပြီဖြစ်သည်။ သို့ရာတွင် အိန္ဒိယပညာရေးဝန်ကြီး နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြမှုများမှာ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ အကြောင်းအရပ်အမျိုးမျိုးအပေါ် အချိန်ယူဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လွှတ်တော်အမတ် အမြောက်အမြား၏ တိုက်တွန်းမှုများအရ နိုင်ငံအတွင်း အကြမ်းဖက်မှုဖြစ်ပေါ်လာနိုင်မှုကို ငဲ့ကွက်သောအားဖြင့် အိန္ဒိယဗဟိုအစိုးရဝန်ကြီးနှစ်ဦး၏ ရှေ့မှောက်တွင် ၎င်း၏ အစာငတ်ခံဆန္ဒပြမှုကို ရပ်ဆိုင်းခဲ့ကြောင်း ဆိုနမ်ဝမ်ချွတ်က X လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆိုခဲ့သည်။ ၎င်းက အဆိုပါ ဆွေးနွေးပွဲများ၏ အသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့ခြင်းမရှိသော်လည်း ရုပ်သံဗီဒီယိုတစ်ခုတွင် အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ဖော်ပြောကြားသွားမည်ဟု ကတိပြုခဲ့သည်။ ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲမေးခွန်းပေါက်ကြားမှု ဖြစ်စဉ်သည် ကျောင်းသားများ စာခိုးချမှု ဖြစ်ပေါ်စေကြောင်း ဆန္ဒပြသူများဘက်က စွပ်စွဲထားသည်။ ယင်းစာမေးပွဲမေးခွန်းပေါက်ကြားမှုကြောင့် ကျောင်းသားပေါင်း […]
မလေးရှားနိုင်ငံအတွင်း ဒုက္ခသည်အသစ်များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားရန် UNHCR ကို အစိုးရအဖွဲ့က ညွှန်ကြားခဲ့ကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြသည်။ ဒုက္ခသည်များ မှတ်ပုံတင်ခြင်း အထောက်အထား (DPP) အစီအစဉ်နှင့် ပတ်သက်၍ အစိုးရက ပြန်လည်ပြင်ဆင်ရေးဆွဲနေသဖြင့် ဒုက္ခသည်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားရန် အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Datuk Lukanisman Awang Sauni က ယနေ့တွင် ပြောသည်။ နိုင်ငံအတွင်းရှိ ဒုက္ခသည်များကို ဥပဒေအရ ပိုမိုစီမံခန့်ခွဲလိုသဖြင့် အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး UNHCR ကိုညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ဒုက္ခသည်များ မှတ်ပုံတင်ခြင်း အထောက်အထား (DPP) အစီအစဉ်အရ ဒုက္ခသည်များ၏ အချက်အလက်များကို နိုင်ငံခြားအဖွဲ့အစည်းများ၏ မှတ်တမ်းများအပေါ် မှီခိုမှုမရှိဘဲ စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ အထူးသဖြင့် ဒုက္ခသည်များနှင့် ပတ်သက်၍ ဒေတာများ ညှိနှိုင်းဆောင်ရွက်ခြင်း၊ […]
မန်စီးတီးအသင်းနဲ့ လမ်းခွဲခဲ့ပြီဖြစ်တဲ့ နည်းပြ ဂွါဒီယိုလာ ကို အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူပေးဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေတဲ့အကြောင်း အီတလီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မာလာဂို ကိုယ်တိုင်က အတည်ပြုလိုက်ပြီဖြစ်တယ်လို့ Sky Italia က ဖော်ပြထားပါတယ်။ အီတလီ ဒစ်ဂျစ်တယ် အားကစားမီဒီယာ Cronache di spogliatoio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တားဗျူးတစ်ခုမှာ ဥက္ကဋ္ဌ မာလာဂိုက ဂွါဒီယိုလာနဲ့ ဆွေးနွေးမှုတွေ ရှိနေပြီး တကယ်လို့ ဂွါဒီယိုလာဘက်ကသာ အလုပ်လက်ခံမယ်ဆိုရင် ဂွါဒီယိုလာ တောင်းဆိုထားတဲ့ လုပ်ခလစာငွေကို “ခြွင်းချက်” ထားပြီး ညှိနှိုင်းပေးနိုင်တယ်လို့ သူက ဆိုပါတယ်။ “ကျွန်တော် ယတိပြတ် ဘာတစ်ခုမှ မပြောနိုင်သေးပါဘူး။ ဂွါဒီယိုလာ လိုနည်းပြမျိုးကို အသင်းအတွက် လိုချင်ရင်တော့ ခြွင်းချက်တွေ ထားရှိပေးရပါလိမ့်မယ်။ ဒီအချိန်မှာ […]
လက်နက်ကိုင်အဖွဲ့ဝင် ခြောက်ဦးသည် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး လက်နက်အပြည့်အစုံတပ်ဆင်၍ ပစ်ကပ်ကားဖြင့် ရောက်လာကာ စစ်ဆေးရေးဂိတ်အရောက်တွင် သေနတ်၊ ဗုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လာအိုနိုင်ငံမြို့တော် ဗီယင်ကျင်းရှိ ကျားဖြန့်လုပ်ငန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ လူခြောက်ရာခန့်ကို ဖမ်းဆီးခဲ့ပြီး ယင်းအနက် တစ်ဝက်ကျော်မှာ ထိုင်းနိုင်ငံသားများဖြစ်ကြောင်း ထိုင်းနှင့် လာအိုသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၁၉ ရက်က ဗီယင်ကျင်းမြို့ ဟတ်စိုင်ဖွန်ဒေသတွင် ခြံစည်းရိုးအမြင့်ဖြင့် ကာရံထားသော အဆောက်အအုံကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ဟတ်စိုင်ဖွန်ဒေသသည် ထိုင်းနိုင်ငံ နွန်းခိုင်ခရိုင်နှင့် ထိစပ်နေသော နယ်စပ်ဒေသဖြစ်သည်။ ယင်းအဆောက်အအုံကို ကျားဖြန့်လုပ်ငန်းနှင့် အွန်လိုင်းလောင်းကစားပြုလုပ်နေသည်ဟု သံယယရှိသဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အဆောက်အအုံထဲတွင် လူ ၅၈၉ ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီး ၃၀၉ ဦးပါဝင်ကြောင်း လာအိုပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဖမ်းဆီးခံရသူများတွင် ထိုင်းနိုင်ငံသား ၃၇၃ ဦးပါဝင်ပြီး လာအိုနိုင်ငံသား ၁၉၉ ဦး၊ ဗီယက်နမ် ၁၂၅ […]