ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ကော့စမွေကျွန်းတွင် ဘတ်တစ်သန်းခန့်ဖိုး ခိုးမှုဖြင့် မြန်မာသုံးဦးဖမ်းဆီးခံရ

Dawei Watch

July 13, 2026

ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံပြီးနောက် ဆောက်လုပ်ရေးအလုပ်သမားတန်းလျားတွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

ဟော်မုဇ်ရေလက်ကြားကို အီရန် ထပ်ပိတ်

Dawei Watch

July 13, 2026

ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့ ပြန်ပိတ်လိုက်ပြီ ဖြစ်ကြောင်း အီရန်ဘက်က ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမေရိကန်နှင့် အီရန်အကြား အပြန်အလှန်အားဖြင့် ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ တနင်္ဂနွေနေ့က ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ ပင်လယ်ကွေ့ဒေသတလွှားရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို အီရန်ဘက်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ယင်းမှာ ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းဖြတ်သန်းသွားလာမှုအပေါ် ၎င်းတို့၏ ထိန်းချုပ်မှုကို ပြသရန် အီရန်ဘက်က ကြိုးစားနေချိန် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှု သံသရာ၏ ယခု နောက်ဆုံးထွက်ပေါ်လာသည့် ဖြစ်ရပ် ဖြစ်သည်။ ယခု နောက်ဆုံးထွက်ပေါ်လာသည့် အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ပြီးခဲ့ကသည့် လက လက်မှတ်ရေးထိုးခဲ့သည့် အမေရိကန်-အီရန် ကြားကာလအပစ်ရပ်သဘောတူညီချက်အပေါ်စိုးရိမ်မှုများ ပိုမိုကြီးထွားလာနေသည်။ အဆိုပါ သဘောတူညီချက်ကို ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနှင့် ရက် ၆၀ ဆွေးနွေးကာလအတွင်း စစ်ပွဲရေရှည်အဆုံးသတ်နိုင်ရေးအတွက် ရည်ရွယ်၍ လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။ […]

ဘန်ကောက်တွင် ဘားမီးလောင်ပြီး လူ ၃၀ ကျော် သေဆုံး၊ အိမ်သာထဲ ပိတ်မိသေဆုံးသူ ပိုများ

Dawei Watch

July 13, 2026

မီးလောင်မှုကြောင့် သေဆုံးသည် ၃၀ ဦး၏ အလောင်းကို တွေ့ရှိထားပြီးဖြစ်ပြီး ၎င်းတို့အနက် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ၁၇ ဦးတို့ကို ခွဲခြားထားနိုင်ကြောင်း၊ ကျန်ရှိသူများကိုလည်း ကျားမ ခွဲခြားနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

ဘန်ကောက်တွင် မြေအောက်ရထားလမ်း ရေစိမ့်ဝင်ပြီး မြေသားနိမ့်ဆင်း၊ ပြည်သူများကို ဘေးလွတ်ရာရွှေ့

Dawei Watch

July 10, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခရမ်းရောင် မြေအောက်ရထားလမ်းထဲ ရေစိမ့်ဝင်မှုကြောင့် မြေသားများ နိမ့်ဆင်းသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ခလွန်စမ်နယ်မြေ ဝန်းဝီယံလမ်းဆုံအနီး မြေအောက် ၃၀ မီတာခန့်အကွာ ခရမ်းရောင် မြေအောက်ရထားလမ်းထဲတွင် ဇူလိုင်လ ၈ ရက်က ရေစိမ့်ဝင်ခြင်းဖြစ်သည်။ ယင်းသို့ ရေစိမ့်ဝင်မှုကြောင့် မြေသားများ နိမ့်ဆင်းလာခဲ့ပြီး အနီးရှိ အဆောက်အအုံအချို့ကို ထိခိုက်ကြောင်း ဖော်ပြသည်။ ပြည်သူများ ဘေးကင်းရေးအတွက် ဇူလိုင်လ ၉ ရက် ညတွင် အဆောက်အအုံအချို့က ပြည်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုလှုံစေခဲ့ကြောင်း ဘန်ကောက်မြို့တော်ဝန်က ပြောသည်။ မြေသားနိမ့်ဆင်းနေသဖြင့် မြေကြီးတုန်ခါမှုကို လျှော့ချရန် ဝန်းဝီယံလမ်းဆုံမှ ဘန်ခန့်လမ်းဆုံအထိ ကားလမ်းမကြီးကို ပိတ်ထားလိုက်ပြီဖြစ်သည်။ လက်ရှိတွင် ရထားလမ်းတာဝန်ရှိသူများနှင့် မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ရထားလမ်းထဲ ရေစိမ့်ဝင်နေမှုကို စောင့်ကြည့်နေပြီး မီတာ ၃၀ […]

ပင်လယ်ကွေ့ ကန် စစ်စခန်းများကို အီရန် တိုက်ခိုက်

Dawei Watch

July 10, 2026

ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို အီရန်က ဇူလိုင်လ ၉ ရက်တွင် တိုက်ခိုက်ခဲ့သည်။ အီရန်တောင်ပိုင်းကမ်းရိုးတန်းနှင့် အရှေ့ပိုင်းပြည်နယ်များကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်က အဆိုပါ တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းကြောင့် ရက်သတ္တပတ် သုံးပတ်မျှသာ ကြာမြင့်သေးသည့် အီရန်စစ်ပွဲ အပစ်အခတ်ရပ်စဲရေးမှာ ပိုမိုထိခိုက် ပျက်စီးလာခဲ့ပြီ ဖြစ်သည်။ ယင်းနောက် အီရန်အဏုမြူစက်ရုံတစ်ရုံတည်ရှိရာ ဘူရှ်ရဲမြို့အပါအဝင် ကိုနာရက်ခ် ၊ ချိုဂါဒတ်ခ်နှင့် ဘန်ဒါအာဘတ်စ် မြို့များအပြင် အီရန်တောင်ပိုင်းတစ်ခွင်တွင် ပေါက်ကွဲမှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့သည်။ သို့ရာတွင် အမေရိကန်အရာရှိတစ်ဦးကမူ မကြာသေးမီ နာရီပိုင်းအတွင်း အီရန်ကို အမေရိကန်က တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း ပြောသည်။ ယခုနောက်ဆုံး တိုက်ခိုက်မှုများသည် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အီရန်အဓိပတိခေါင်းဆောင် အယာတိုလာခါမေနီအား သင်္ဂြိုဟ်ပြီးသည့်အချိန်တွင် […]

နိုင်ငံသားခံယူနိုင်ရန် တရုတ်ကလေးများ၏ မွေးစာရင်းတွင် ထိုင်းဖခင်အတုများ အစားထိုးမှုပေါ်ပေါက်

Dawei Watch

July 10, 2026

ထိုင်းနိုင်ငံသားဖြစ်ခွင့်ရရှိရန်အတွက် ဘန်ကောက်မြို့ရှိ ဆေးရုံတွင် မွေးဖွားခဲ့သော တရုတ်နိုင်ငံသား ကလေးငယ် ၁၆၀ ကျော်၏ မွေးစာရင်းများတွင် ထိုင်းနိုင်ငံသား ဖခင်အမည်များကို အစားထိုး အသုံးပြုထားသည်ကို ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယင်းသို့ဖခင်အမည်များကို အစားထိုး အသုံးပြုရာတွင် ပါဝင်ပတ်သက်မှုဖြင့် ဇူလိုင်လ ၉ ရက်နေ့က ဆေးရုံဝန်ထမ်းတစ်ဦးနှင့် ခရိုင်ရုံးဝန်ထမ်းတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ဖမ်းဆီးခံရသူမှာ ဘန်ကောက်မြို့ ထွန်ဘူရီနယ်မြေရှိ ပုဂ္ဂလိကဆေးရုံတစ်ခု၏ ဝန်ထမ်းဖြစ်ပြီး မွေးစာရင်းတွင် ထိုင်းဖခင်အမည် ထည့်ပေးရန် တရုတ်နိုင်ငံသားများထံမှ တစ်ဦးလျှင် ဘတ် ၇၀၀၀၀ နှုန်း ရယူခဲ့သူဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ဖမ်းဆီးခံရသူ နောက်တစ်ဦးမှာ ဆေးရုံဝန်ထမ်းဖြစ်ပြီး တရုတ်နိုင်ငံသား ကလေးငယ်များ မွေးစာရင်း ရရှိလာရန်အတွက် လိုအပ်သော စာရွက်စာတမ်းများနှင့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးရပြီး ယင်းဝန်ဆောင်ခအတွက် […]

အီရန်ကို အမေရိကန် တိုက်ခိုက်၊ ယာယီငြိမ်းချမ်းရေးသဘောတူညီချက် ပြီးဆုံးသွားပြီဟုဆို

Dawei Watch

July 9, 2026

အီရန်စစ်ပွဲတွင် အမေရိကန်အား ပံ့ပိုးကူညီခြင်းမရှိသည့် မဟာမိတ်နိုင်ငံများကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး အီရန်ခေါင်းဆောင်များကိုလည်း စိတ်မမှန်သူများအဖြစ် သမ္မတထရမ့်က ရည်ညွှန်းပြောဆိုခဲ့သည်။

ထိုင်းတွင် ညစ်ညမ်းဗီဒီယို အွန်လိုင်းပေါ်တင်လျှင် ထောင်ဒဏ်ငါးနှစ်နှင့် ဘတ်တစ်သိန်းအထိ ပြစ်ဒဏ်ကျနိုင်

Dawei Watch

July 9, 2026

ထိုင်းနိုင်ငံတွင် ညစ်ညမ်းဗီဒီယိုများကို အင်တာနက်ပေါ်တွင် မတင်ကြရန်၊ မမျှဝေကြရန် ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၈ ရက်တွင် သတိပေးလိုက်သည်။ အင်တာနက်ပေါ်ရှိ မည်သည့်ပလပ်ဖောင်းတွင်ဖြစ်စေ ညစ်ညမ်းဗီဒီယိုများကို ပိုစ့်တင်ပါက သို့မဟုတ် မျှဝေပါက တရားဥပဒေကို ဆန့်ကျင်နေကြောင်း ဖော်ပြသည်။ အွန်လိုင်းပေါ်တွင် တင်ထားသည်ဖြစ်စေ ကွန်ပျူတာများထဲတွင် လက်ခံထားရှိသည်ဖြစ်စေ စစ်ဆေးတွေ့ရှိပါက ကွန်ပျူတာအက်ဥပဒေအရ ထောင်ဒဏ် ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ် ဘတ် တစ်သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ကြောင်း ရေးသားထားသည်။ ညစ်ညမ်းဗီဒီယိုများကို ကိုယ်တိုင်ရိုက်ကူးခြင်းမဟုတ်သော်လည်း လက်ခံထားရှိခြင်း၊ အွန်လိုင်းပေါ် မျှဝေခြင်းတို့သည် တရားမဝင်ကြောင်း သတိပေးထားသည်။