ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ညစ်ညမ်းဗီဒီယို အွန်လိုင်းပေါ်တင်လျှင် ထောင်ဒဏ်ငါးနှစ်နှင့် ဘတ်တစ်သိန်းအထိ ပြစ်ဒဏ်ကျနိုင်

July 9, 2026

ထိုင်းနိုင်ငံတွင် ညစ်ညမ်းဗီဒီယိုများကို အင်တာနက်ပေါ်တွင် မတင်ကြရန်၊ မမျှဝေကြရန် ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၈ ရက်တွင် သတိပေးလိုက်သည်။

အင်တာနက်ပေါ်ရှိ မည်သည့်ပလပ်ဖောင်းတွင်ဖြစ်စေ ညစ်ညမ်းဗီဒီယိုများကို ပိုစ့်တင်ပါက သို့မဟုတ် မျှဝေပါက တရားဥပဒေကို ဆန့်ကျင်နေကြောင်း ဖော်ပြသည်။

အွန်လိုင်းပေါ်တွင် တင်ထားသည်ဖြစ်စေ ကွန်ပျူတာများထဲတွင် လက်ခံထားရှိသည်ဖြစ်စေ စစ်ဆေးတွေ့ရှိပါက ကွန်ပျူတာအက်ဥပဒေအရ ထောင်ဒဏ် ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ် ဘတ် တစ်သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ကြောင်း ရေးသားထားသည်။

ညစ်ညမ်းဗီဒီယိုများကို ကိုယ်တိုင်ရိုက်ကူးခြင်းမဟုတ်သော်လည်း လက်ခံထားရှိခြင်း၊ အွန်လိုင်းပေါ် မျှဝေခြင်းတို့သည် တရားမဝင်ကြောင်း သတိပေးထားသည်။