ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်ကို အမေရိကန် တိုက်ခိုက်၊ ယာယီငြိမ်းချမ်းရေးသဘောတူညီချက် ပြီးဆုံးသွားပြီဟုဆို

July 9, 2026

ဓာတ်ပုံ - Trump Declares Iran Trump ‘Over’ And He Blasts Allies At NATO Summit

အီရန်နှင့် ချုပ်ဆိုထားသည့် ယာယီငြိမ်းချမ်းရေးသဘောတူညီချက် ‘ပြီးဆုံးသွားပြီ’ ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇူလိုင်လ ၈ ရက်နေ့တွင် ပြောကြားလိုက်ပြီး အမေရိကန်စစ်တပ်က အီရန်ကို တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်လိုက်သည်။

တူရကီနိုင်ငံ၌ ကျင်းပသည့် နေတိုးထိပ်သီးအစည်းအဝေးတွင် သတင်းထောက်များအား ပြောကြားရာ၌ သမ္မတထရမ့်က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အီရန်ခေါင်းဆောင်များကိုလည်း စိတ်မမှန်သူများအဖြစ် သမ္မတထရမ့်က ရည်ညွှန်းပြောဆိုခဲ့သည်။

အီရန်စစ်ပွဲတွင် အမေရိကန်အား ပံ့ပိုးကူညီခြင်းမရှိသည့် မဟာမိတ်နိုင်ငံများကိုလည်း ၎င်းက ပြင်းပြင်းထန်ထန် ဝေဖန်အပြစ်တင်ခဲ့သည်။

သမ္မတထရမ့်က ယင်းသို့ ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန်စစ်တပ်က အီရန်ကို တိုက်ခိုက်မှုအသစ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က နေတိုးအဖွဲ့အကြီးအကဲ မာ့ခ်ရူတာနှင့်အတူ သတင်းထောက်များအား စကားပြောကြားစဉ် အီရန်နှင့် ချုပ်ဆိုထားသည့် ယာယီငြိမ်းချမ်းရေးသဘောတူညီချက် ပျက်ပြယ်သွားပြီလားဟု သတင်းထောက်များက မေးမြန်းရာ ထရန့်က “ကျွန်တော့်အတွက်တော့ ဒါဟာ ပြီးဆုံးသွားပြီလို့ ထင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

သမ္မတထရမ့်က အီရန်ခေါင်းဆောင်များကို “အောက်တန်းစားများ” ဟု ခေါ်ဝေါ်ပြောဆိုခဲ့ပြီး “သူတို့ဟာ ရက်စက်ပြီး အကြမ်းဖက်တဲ့ လူမျိုးတွေ ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။

အီရန်ခေါင်းဆောင်များနှင့် ဆက်လက်ဆက်ဆံဆောင်ရွက်လိုစိတ် မရှိတော့ကြောင်းလည်း ၎င်းက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သည့် အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာခါမေနီ၏ ဈာပနအခမ်းအနားကို ဆက်လက်လုပ်ဆောင်ရန် ၎င်းက အီရန်ဘက်ကို ပြောခဲ့သော်လည်း အီရန်ဘက်က သင်္ဘောများကို ဒုံးကျည်ဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း သမ္မတထရမ့်က ပြောသည်။

မိမိအနေဖြင့် အီရန်နှင့် ဆွေးနွေးနေသည့် အမေရိကန်ညှိနှိုင်းရေးမှူးများနှင့်လည်း ပြောဆိုဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောပြီး အီရန်နှင့် ဆက်ဆံဆွေးနွေးနေခြင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

အီရန်အရာရှိများသည် ဆွေးနွေးညှိနှိုင်းမှုများတွင် ရှေ့နောက်မညီသည့် စကားများ ပြောနေကြောင်းလည်း သမ္မတထရမ့်က စွပ်စွဲခဲ့သည်။

အီရန်အရာရှိများသည် တံခါးပိတ်ဆွေးနွေးပွဲများတွင် အဏုမြူလက်နက် မပိုင်ဆိုင်ရေးကဲ့သို့ ကိစ္စရပ်များနှင့် ပတ်သက်၍ သဘောတူညီချက်ကို လက်ခံကြသော်လည်း၊ သတင်းစာရှင်းလင်းပွဲများတွင်မူ ဆန့်ကျင်ဘက်များကို ပြန်လည်ပြောဆိုတတ်ကြသည်ဟု သမ္မတထရမ့်က ဆိုသည်။အီရန်နှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လမ်းဖွင့်ထားသလားဟု မေးမြန်းရာတွင် သမ္မတထရမ့်က မိမိအနေဖြင့် ဂရုမစိုက်ကြောင်းနှင့် “သူတို့ဘက်က စကားပြောချင်ပြောနိုင်တယ် ၊ သူတို့ အချိန်ဖြုန်းနေကြတာပဲလို့ ကျွန်တော်ထင်တယ်” ဟု ပြောကြားခဲ့သည်။

Source: Forbes ၊ Reuters

ဓာတ်ပုံ – Trump Declares Iran Trump ‘Over’ And He Blasts Allies At NATO Summit