ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်တွင် ဘားမီးလောင်ပြီး လူ ၃၀ ကျော် သေဆုံး၊ အိမ်သာထဲ ပိတ်မိသေဆုံးသူ ပိုများ

July 13, 2026

Ref: BBC, Thai PBS News

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချာတူးချတ်နယ်မြေ လတ်ဖောင်းဒေသရှိ ဘားတစ်ခုတွင် မီးလောင်မှုဖြစ်ခဲ့ရာမှ အနည်းဆုံး လူ ၃၀ ဦးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဇူလိုင်လ ၁၃ ရက် ညသန်းခေါင်အချိန် နာမည်ကြီး Rong Beer at Lat Phrao ဘားတွင် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် ဘားထဲမှ လူများ ထွက်ပြေးခဲ့ကြပြီး ဘားထဲ မီးလုံးကြီးများ ထွက်လာနေသည်ကိုလည်း ဗီဒီယိုမှတ်တမ်းများအရ သိရသည်။

မီးလောင်မှုကြောင့် သေဆုံးသည် ၃၀ ဦး၏ အလောင်းကို တွေ့ရှိထားပြီးဖြစ်ပြီး ၎င်းတို့အနက် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ၁၇ ဦးတို့ကို ခွဲခြားထားနိုင်ကြောင်း၊ ကျန်ရှိသူများကိုလည်း ကျားမ ခွဲခြားနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

သေဆုံးသူအများစုမှာ ဘားထဲရှိ အိမ်သာထဲတွင် ပိတ်မိသူများဖြစ်ကြောင်း ဖော်ပြသည်။

မီးလောင်မှုကြောင့် အနည်းဆုံး လူ ၆၀ ကျော်ကလည်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ဖော်ပြသည်။

မီးလောင်မှုဖြစ်ရသည့် အကြောင်းအရင်းကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်။