မြန်မာအမျိုးသမီးကို ထိုင်းအမျိုးသားက တစ်နှစ်ကျော်ကြာ ပိတ်လှောင်ပြီး ရိုက်နှက်နှိပ်စက်
Dawei Watch
July 8, 2026ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထိုင်းအမျိုးသားက မြန်မာအမျိုးသမီးကို ကွန်ဒိုထဲတွင် တစ်နှစ်ကျော်ကြာ ပိတ်လှောင်ကာ မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်ပြီး ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ အသက် ၂၅ နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသားသည် ရည်းစားဖြစ်သူ အသက် ၂၂ နှစ်အရွယ် မနန်းကို ပိတ်လှောင်နှိပ်စက်ခဲ့ကြောင်း ဖော်ပြသည်။ မနန်း ထွက်ပြေးပြီး ဇူလိုင်လ ၆ ရက်တွင် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာမှ ဖြစ်စဉ်အားလုံးကို သိရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းအမျိုးသားသည် ဘန်ကောက်မြို့ ကျရမ်စနစ်ဝမ်းဒေသရှိ ကွန်ဒိုတိုက်ခန်းတွင် နေထိုင်သူ ဖြစ်သည်။ ကွန်ဒိုထဲ ပိတ်လှောင်ထားစဉ် ထိုင်းအမျိုးသားက မနန်း၏ ဖုန်းနှင့် နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်း၍ အခြားသူများနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး ရေချိုးခန်းအပါအဝင် ကွန်ဒိုတစ်ခုလုံးကို CCTV တပ်၍ စောင့်ကြည့်နေခဲ့ကြောင်း ဆိုသည်။ မနန်းသည် […]


