ထိုင်းတွင် လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကင်ဆာ အဖြစ်များလာ
Dawei Watch
April 3, 2026ထိုင်းနိုင်ငံတွင် နှစ်စဉ် ကြုံတွေ့နေရသော လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကင်ဆာရောဂါဖြစ်ပွားမှု ပိုများလာနေကြောင်း The Nation Thailand သတင်းဌာနတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်အပါအဝင် ခရိုင်အများစုတွင် လေထုအရည်အသွေး PM 2.5 နှုန်းသည် သာမန်အဆင့်ထက် ကျော်လွန်နေပြီး ကျန်းမာရေး ထိခိုက်နိုင်သောအဆင့်ကို နှစ်စဉ် ကြုံတွေ့နေရကြောင်း ဖော်ပြသည်။ PM 2.5 ဆိုသည်မှာ လေထုထဲတွင် ၂ ဒသမ ၅ မိုင်ခရိုမီတာထက် သေးငယ်သော ဖုန်မှုန့်ပါဝင်မှုနှုန်းကို ဆိုလိုခြင်းဖြစ်ပြီး ယင်းဖုန်မှုန့်များက ထိုင်းပြည်သူ သန်းချီကို နှစ်စဉ် ကျန်းမာရေးထိခိုက်စေကြောင်း သတင်းတွင်ပါရှိသည်။ ထိုင်းနိုင်ငံ ကင်ဆာအဖွဲ့အစည်း၏ အချက်အလက်များအရ အဆုတ်ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းသည် တစ်နေ့လျှင် ပျမ်းမျှ ၄၈ ဦးအထိ ရှိနေကြောင်း၊ လေထုညစ်ညမ်းမှုကြောင့် ရောဂါရလာသော လူနာ […]


