ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဖူးခက်ကမ်းခြေတွင် ပင်လယ်ရေများ အနက်ရောင်ပြောင်းလဲ

Dawei Watch

June 25, 2026

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့ ပါတွန်ကမ်းခြေတွင် ပင်လယ်ရေအရောင်သည် အနက်ရောင်သို့ ပြောင်းလဲနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၂၄ ရက်နေ့က ပါတွန်ကမ်းခြေတစ်လျှောက် ပင်လယ်ရေများ အနက်ရောင်သို့ ပြောင်းလဲနေသည်မှာ ရေဆိုးရေညစ်များကြောင့် ဖြစ်နိုင်သဖြင့် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြပြီး အမြန်ဆုံး စစ်ဆေးပေးရန် တောင်းဆိုခဲ့ကြသည်။ ပင်လယ်ရေများကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရာ ရေဆိုးရေညစ်များကြောင့် မဟုတ်ဘဲ သဘာဝအလျောက် ဖြစ်ပေါ်တတ်သော ရေမျောသက်ရှိများ ဖြစ်ပေါ်သည့် ရာသီဖြစ်သော Plankton Bloom ဖြစ်စဉ်ကြောင့်ဖြစ်ကြောင်း ဖူးခက်စည်ပင်သာယာရေးဌာနက ထုတ်ပြန်သည်။ Plankton Bloom ဖြစ်စဉ်ဆိုသည်မှာ ပင်လယ်ကမ်းခြေများတွင် အလွန်သေးငယ်သော ပင်လယ်ရေနေသတ္တဝါနှင့် ရေညှိများကြောင့် ဖြစ်ပေါ်လာသည့် သဘာဝအလျောက် ဖြစ်စဉ်ဖြစ်ပြီး ပင်လယ်အရောင်ကို အစိမ်းရောင်၊ အညိုရောင်နှင့် အနက်ရောင်သို့ ပြောင်းလဲစေတတ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် ထိုင်းတောင်ပိုင်း […]

ဗင်နီဇွဲလားငလျင် လူတစ်သိန်းအထိ သေဆုံးနိုင်

Dawei Watch

June 25, 2026

ဗင်နီဇွဲလားနိုင်ငံ၌ ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် အင်အားပြင်းငလျင်များ လှုပ်ခတ်ခဲ့ရာ သေဆုံးသူ အနည်းဆုံး တစ်သောင်းမှ တစ်သိန်း အထိ ရှိနိုင်ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS)က ကနဦး ခန့်မှန်းတွက်ချက်ထားသည်။ ငလျင်ဒဏ်ကြောင့် မြို့တော်ကာရာကပ်စ်ရှိ အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး လူအများအပြား အပျက်အစီးများအောက်တွင် ပိတ်မိနေခဲ့ကာ ထိခိုက်သေဆုံးသူအမြောက်အများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုများ ရှိလာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးလိုက်သည်။ ကာရာကပ်စ်မြို့၏ အနောက်ဘက် မိုင် ၁၀၀ ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုတ်ခတ်ပြီး တစ်မိနစ်ပင်မပြည့်မီ ပမာဏ ၇ဒသမ ၅ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ကာရာကပ်စ်မြို့၊ ဘာရူတာခရိုင်တွင် အဆောက်အအုံနှစ်ခု ပြိုကျမှုကြောင့် လူသုံးဦး […]

အပစ်ရပ်သဘောတူညီချက် ကန်နဲ့ အီရန် ထုတ်ပြန်ချက် ကွဲလွဲ

Dawei Watch

June 25, 2026

ဒါကြောင့် နှစ်နိုင်ငံအကြားက အပစ်ရပ်သဘောတူညီချက် တည်တံ့ရေးအလားအလာအပေါ် မေးခွန်းထုတ်မှုတွေလည်း မြင့်တက်လာပါတယ်။

ထိုင်းမှာ ခိုးဝင်မြန်မာတွေကို တင်ဆောင်လာတဲ့ကားမှောက်လို့ တစ်ဦးသေ

Dawei Watch

June 25, 2026

ကားကို မြန်မာနိုင်ငံသား ကားသမားက မောင်းနှင်လာပြီး ကားသမားအပါအဝင် မြန်မာနိုင်ငံသား ၁၇ ဦး လိုက်ပါလာတယ်လို့ ဆိုပါတယ်။

အပစ်ရပ်သဘောတူညီချက် ကန်နှင့် အီရန် ထုတ်ပြန်ချက် ကွဲလွဲ

Dawei Watch

June 24, 2026

အဏုမြူစီမံကိန်းဆိုင်ရာ စစ်ဆေးမှုများကို အကန့်အသတ်မရှိ ခွင့်ပြုရန် အီရန်ဘက်က သဘောတူညီခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သော်လည်း အီရန်ဘက်ကမူ ယင်းသို့ လိုက်လျောခဲ့ခြင်းမရှိကြောင်း တုံ့ပြန်သည်။ ထို့ကြောင့် နှစ်နိုင်ငံကြား အပစ်ရပ်သဘောတူညီချက် တည်တံ့ရေးအလားအလာအပေါ် မေးခွန်းထုတ်မှု မြင့်တက်လာသည်။ ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် အီရန်အကြား စစ်ပွဲအဆုံးသတ်ရေး ပထမအကျော့ ဆွေးနွေးမှုများ တနင်္လာနေ့က ပြီးဆုံးခဲ့ရာ ဆွေးနွေးပွဲရလဒ်နှင့်ပတ်သက်၍ နှစ်နိုင်ငံစလုံးက မတူညီသည့် ကြေညာချက်များ ထုတ်ပြန်ခဲ့ သည်။ အပစ်ရပ်သဘောတူညီချက် မူဘောင်၌ အီရန်၏ အဏုမြူစီမံကိန်းအပေါ် မည်သည့်ကန့်သတ်ချက်မျှ သတ်မှတ်ထားခြင်း မရှိသေးဘဲ ယင်းကိစ္စရပ်နှင့်ပတ်သက်၍ ရက် ၆၀ အတွင်း ဆက်လက်ကိုင်တွယ် ဆွေးနွေးသွားရန် လျာထားသည်။ အီရန်အနေဖြင့် ၎င်းတို့၏ ပျက်စီးသွားသော အဏုမြူစခန်းများသို့ နိုင်ငံတကာစစ်ဆေးရေးမှူးများကို အကန့်အသတ်မရှိ […]

ထိုင်းသို့ တရားမဝင်လာသော မြန်မာများ တင်လာသည့်ကား တိမ်းမှောက်၊ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်း

Dawei Watch

June 24, 2026

ကားမှောက်ပြီးနောက် ကားသမားအပါအဝင် မြန်မာနိုင်ငံသား ၁၄ ဦးထွက်ပြေးသွားရာ ငါးဦးကို ပြန်လည်ဖမ်းမိကြောင်း ဆိုသည်။

ဥဇဘက်ကစ္စတန်ဘက်ကို ဂိုးတွေသွင်းပြီး စံချိန်သစ်နဲ့အတူ စီရော်နယ်ဒို ပြန်လာပြီ

Dawei Watch

June 24, 2026

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်ဒို ဟာ ပေါ်တူဂီက ဥဇဘက်ကစ္စတန်ကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ အသင်းအတွက် နှစ်ဂိုးသွင်းယူပြီး စံချိန်သစ်တွေ ရေးထိုးသွားခဲ့ပါတယ်။ စီရော်နယ်ဒို ဟာ လက်ရှိမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြောက်ခုဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ရပ်တည်လိုက်နိုင်ပြီဖြစ်သလို ဒါဟာ သူ့အတွက် အရမ်းကိုပဲ ကျေနပ်စရာကောင်းလှတယ်လို့ စီရော်နယ်ဒိုက ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ငါးကြိမ် ဂိုးသွင်းခဲ့ဖူးပေးမယ့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးမရခဲ့လို့ ဒီစံချိန်မှာတော့ စီရော်နယ်ဒိုက မက်ဆီကို ကျော်တက်သွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီဂန္ထဝင်ကစားသမားကြီး အူဆီဘီယိုရဲ့ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပြီး ပေါ်တူဂီသမိုင်းမှာ ကမ္ဘာ့ဖလားသွင်းဂိုး အများဆုံးရယူနိုင်သူ ကစားသမားအဖြစ်လည်း စံချိန်တင်သွားနိုင်ခဲ့ပါတယ်။ ဂန္ထဝင်ကစားသမားကြီး အူဆီဘီယိုဟာ ကမ္ဘာ့ဖလားသွင်းဂိုး ကိုးဂိုး ရယူနိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာ စီရော်နယ်ဒိုကတော့ ကမ္ဘာ့ဖလားသွင်းဂိုး ၁၀ […]

ကလိုဆေးရဲ့စံချိန်ကို လိုက်မီသွားတဲ့ အမ်ဘတ်ပေ၊ မက်ဆီနဲ့ ဂိုးသွင်းပြိုင်နေတာလား

Dawei Watch

June 23, 2026

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး စံချိန်ရှင်ဟောင်းအဖြစ် ရပ်တည်ခဲ့တဲ့ ဂျာမနီတိုက်စစ်မှူး ကလိုဆေးရဲ့စံချိန်ကို နောက်ထပ်အမီလိုက်နိုင်သူတစ်ယောက် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး အခုတစ်ယောက်ကတော့ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပေပဲ ဖြစ်ပါတယ်။ ပြင်သစ်က အီရတ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲစဉ်မှာ အမ်ဘတ်ပေက အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုတစ်လျှောက် ကမ္ဘာ့ဖလားသွင်းဂိုး ၁၆ ဂိုး ပြည့်သွားခဲ့ပါတယ်။ လက်ရှိမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်ထားပြီဖြစ်ပြီး အမ်ဘတ်ပေဟာ မက်ဆီရဲ့ကမ္ဘာ့ဖလားသွင်းဂိုး အရေအတွက်ကို လိုက်မီဖို့ နှစ်ဂိုးသာ လိုအပ်ပါတော့တယ်။ ဒါကြောင့် ရှေ့လာမယ့်ပွဲစဉ်တွေမှာ မက်ဆီနဲ့ အမ်ဘတ်ပေတို့ ဘယ်သူက ဂိုးပိုသွင်းနိုင်လေမလဲဆိုတာဟာ စိတ်ဝင်စားစရာ ကောင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အမ်ဘတ်ပေဟာ သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုမှာ […]